ရှီကျင့်ဖိန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတတို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့

2023-10-12 19:17:29
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတ ပင်ဒါရော်ဖ်စကီတို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ပြီး နှစ်နိုင်ငံ သံသမန် ဆက်ဆံရေး ထားရှိခဲ့သည့် အနှစ် ၃၀ ပြည့်မြောက်ခြင်းကို ဂုဏ်ပြုခဲ့ကြပါသည်။

တရုတ်နှင့် မြောက်မက်ဆီဒိုးနီးယား နှစ်နိုင်ငံ သံသမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၃၀ အတွင်း နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ ကျန်းမာရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံများကို အဆက်မပြတ် ရရှိခဲ့ကာ အောင်မြင်မှု ရလဒ်များလည်း ရရှိခဲ့ကြောင်း၊ မိမိသည် ယင်းကို လွန်စွာ တန်ဖိုးထား ချီးကျူးလိုပါကြောင်း ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ဖော်ပြထားပါသည်။

နှစ်နိုင်ငံ သံသမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၃၀ အတွင်း နှစ်ဖက်တို့သည် တစ်ဖက်သား၏ ဖွံ့ဖြိုးရေး မဟာဗျူဟာ ရွေးချယ်မှုများကို အပြန်အလှန် လေးစားပြီး နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် တိုးတက်လာကြောင်း၊ နှစ်နိုင်ငံ၏ အကျိုးစီးပွားများ ကိုက်ညီပြီး ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းမွန်ပါကြောင်း ပင်ဒါရော်ဖ်စကီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတတို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့