ရှီကျင့်ဖိန် သည် Orban Viktor နှင့် တွေ့ဆုံ

2023-10-18 19:18:09
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၈ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်း မြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တတိယအကြိမ်မြောက်“Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဟန်ဂေရီ ဝန်ကြီးချုပ် Orban Viktor နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ဟန်ဂေရီနိုင်ငံနှင့်အတူ အချင်းချင်း ယုံကြည်နိုင်ပြီး ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန်အကျိုးရရှိစေသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ဆက်လက်ထားရှိပြီး လာမည့် ၂၀၂၄ခုနှစ် နှစ်နိုင်ငံသံတမန်အဆက် အသွယ်ထားရှိခဲ့သည့် ၇၅နှစ်ပြည့်မြောက်သည့်နှစ်ကို အခွင့်ကောင်းအဖြစ် တရုတ်-ဟန်ဂေရီ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အဆင့်ကဏ္ဍသစ်သို့ အဆက်မပြတ် ရောက်ရှိစေကာ တရုတ်-ဟန်ဂေရီချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အခန်းကဏ္ဍသစ်ကို ဆက်လက်ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ဟန်ဂေရီနိုင်ငံနှင့်အတူ ပါတီနှင့် နိုင်ငံရေးရာ စီမံခွန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ ကူးလူးဖလှယ်ရေးကို မြှင့်တင်ပြီး တစ်ဦးရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တစ်ဦးက ခိုင်မာစွာထောက်ခံကာ “Belt and Road” အဆိုပြုချက်နှင့် ဟန်ဂေရီ “အရှေ့သို့တံခါးဖွင့်ရေး”မဟာဗျူဟာ အကြား ချိတ်ဆက်မှုကို အားသစ်လောင်းပေး၍ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများနှင့် အကျိုးရလဒ်များကို အတူ မျှဝေခံစားရန် ဆန္ဒရှိကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

Orban Viktor က သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင်အားပေးထောက်ခံမှုကြောင့် လွန်ခဲ့သည့် နှစ်များတွင် ဟန်ဂေရီ-တရုတ်ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ ဟန်ဂေရီ-ဆားဗီးယား မီးရထားလမ်း တည်ဆောက်ရေးအပါအဝင် တရုတ်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဟန်ဂေရီနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု များကို သိသိသာသာမြှင့်တင်ခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ဖော်ပြထားသည့် “Belt and Road” အဆိုပြုချက်သည် ကမ္ဘာကြီးအား အပြောင်းလဲကြီးပြောင်းလဲတိုးတက်လာစေမည် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကျားကန်ပေးကာ နိုင်ငံအသီးသီးမှ ပြည်သူ များအား ပိုမိုများပြားသော အကျိုးသက်ရောက်မှုများကို ဆောင်ကျဉ်ပေး၍ ဟန်ဂေရီ နိုင်ငံသည် ပြတ်ပြတ်သားသား ထောက်ခံပြီး ဆက်လက် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် သည် Orban Viktor နှင့် တွေ့ဆုံ