ရှီကျင့်ဖိန်သည် ပူတင်နှင့် တွေ့ဆုံ

2023-10-18 19:19:11
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၈ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်း မြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တတိယအကြိမ်မြောက်“Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ရုရားနိုင်ငံသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က ပူတင်အား တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိ လာခြင်းကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က ၂၀၁၃ခုနှစ်မှ ယခုအထိ ၁၀နှစ်အတွင်းတွင် မိမိအနေဖြင့် အဆွေတော်နှင့် ၄၂ကြိမ် တွေ့ဆုံပြီး ကောင်းမွန်သော လုပ်ငန်းဆက်ဆံရေးနှင့် နက်ရှိုင်းသော ချစ်ကြည်ရေး ကို ထားရှိခဲ့ကြောင်း၊ လာမည့်၂၀၂၄ခုနှစ်သည် တရုတ်-ရုရှား သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ရေစီးကြောင်းကို မှန်ကန်စွာရှုမြင်ပြီး လိုက်လျောညီထွေအောင် ဆောင်ရွက်ကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့်အညီ နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားများ အတွက် ရည်ရွယ်ပြီး နှစ်ဦးနှစ်ဖက်တို့မှ ပူးပေါင်းဆောင်ရွက်သည့် ခေတ်အနှစ်သာရကို အဆက်မပြတ် ဖြည့်ဆည်းကာ နိုင်ငံကြီးများ၏ တာဝန်ယူတတ်ခြင်းကို ပြသလိုကြောင်း၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ နိုင်ငံတကာတရားမျှတမှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် ကမ္ဘာ့ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု တိုးမြင့်ရန် အတွက် အကျိုးပြုစွမ်းဆောင်လိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ပူတင်နှင့် တွေ့ဆုံ