ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်သမ္မတ မီရ်ဇီရိုယေဖ်နှင့် တွေ့ဆုံ

2023-10-18 19:20:21
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၇ ရက်နေ့ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော ဥဇဘက်ကစ္စတန် သမ္မတ မီရ်ဇီရိုယေဖ်နှင့် ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် "Belt and Road" အတူတည်ဆောက်ရေး အဆိုပြုချက်ဖော်ပြခဲ့သည့် ၁၀နှစ်ပြည့်မြောက်သည့်နှစ်ကိုအခွင့်ကောင်းအဖြစ် ထားပြီး ဥဇဘက်ကစ္စတန်နိုင်ငံနှင့် နိုင်ငံတော် ခေတ်မီရေး ဖြစ်စဉ်တွင် အချင်းချင်းသင်ယူလေ့လာပြီး ပံ့ပိုးကူညီ၍ အပြန်အလှန် အကျိုးရှိစေရန် ဆောင်ရွက်လိုပါကြောင်း၊ တရုတ်-ဥဇဘက်ကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်၍ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပိုမိုအပြုသဘောဆောင်ပေးလိုကြောင်းပြောကြားခဲ့သည်။

မီရ်ဇီရိုယေဖ်က တရုတ်နိုင်ငံသည် ဥဇဘက်ကစ္စတန်၏ ယုံကြည်အားကိုးရသောပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး ဥဇဘက်ကစ္စတန်-တရုတ် ဆက်ဆံရေးသည် နိုင်ငံအသီးသီးအတွက် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေးဆိုင်ရာ စံနမူနာပြုပါကြောင်း ၊ သမ္မတ ရှီကျင့်ဖိန်မှ ဖော်ပြသော "Belt and Road" အဆိုပြုချက်သည် တံခါးဖွင့်သည့် အားလုံးပါဝင်နိုင်သည့် ကြီးမြတ်သော စီမံကိန်း ဖြစ်ပြီး ဥဇဘက်ကစ္စတန်နိုင်ငံသည် ယင်းစီမံကိန်းတွင် အမြဲတမ်း အခိုင်အမာ ထောက်ခံပြီးတက်ကြွစွာပါဝင်ပါကြောင်းပြောကြားခဲ့သည် ဟုChina Media Groupမှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်သမ္မတ မီရ်ဇီရိုယေဖ်နှင့် တွေ့ဆုံ