ရှီကျင့်ဖိန်သည် ချီလီ သမ္မတနှင့် တွေ့ဆုံဆွေးနွေး

2023-10-18 19:21:07
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံကိုရောက်ရှိနေသော ချီလီနိုင်ငံသမ္မတ Gabriel Boricနှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ချီလီ နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးကို အမြဲတမ်းစွဲကိုင်ကြောင်း၊ နှစ်နိုင်ငံတို့သည် “Belt and Road” ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ချုပ်ဆိုခြင်းကို အခွင့်ကောင်းအဖြစ်ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်မှုကို တိုးမြှင့်၍ “Belt and Road” အရည်အသွေးမြင့်မားစွာ အတူတည်ဆောက်ပြီး စီးပွားကုန်သွယ်မှုနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး စသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ သန့်ရှင်းသောစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေး စသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ ချဲ့ထွင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Boricကလည်း တတိယအကြိမ်မြောက် "Belt and Road" နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို တက်ရောက်ပြီး တရုတ်နိုင်ငံကို လာရောက် ခရီးလှည့်လည်ရခြင်းအတွက် အထူးဂုဏ်ယူမိပါကြောင်း၊ ချီလီနိုင်ငံသည် လက်တင်အမေရိက-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် “နံပါတ်၁”များစွာရရှိ ခဲ့သဖြင့် အလွန်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်သည် ချီလီ သမ္မတနှင့် တွေ့ဆုံဆွေးနွေး