ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo နှင့် တွေ့ဆုံ

2023-10-18 19:22:14
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၇ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo နှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံသည် မိမိက “၂၁ ရာစုနှစ် ပင်လယ်ပိုးလမ်းမကြီး”အတူ တည်ဆောက်ရေး အဆိုပြုချက်ကို ပထမဆုံးအကြိမ် ဖော်ပြသည့်နေရာဖြစ်ကြောင်း၊ ၁၀နှစ်တာ ကာလအတွင်း “Belt and Road” ပူးပေါင်းတည်ဆောက်ရေးတွင် တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ရှေ့တန်းနေရာမှာတည်ရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးခဲ့ကာ "Belt and Road" နိုင်ငံတကာ ပူးပေါင်းတည်ဆောက်ရေးတွင် အရေးကြီးသော စံနမူနာ ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo နှင့် တွေ့ဆုံ