ရှီကျင့်ဖိန်သည် ဆာဘီးယားသမ္မတ Vucic နှင့် တွေ့ဆုံ

2023-10-18 19:22:50
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဆာဘီးယားသမ္မတ Vucic နှင့် ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန် က ဆာဗီးယားသည် တရုတ်နိုင်ငံ၏ ခိုင်မာသော မိတ်ဆွေနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် နိုင်ငံတကာ အခြေအနေတွင် စမ်းသပ်မှုများကို ခံနိုင်ရည်ရှိပြီး တရုတ်နှင့် ဥရောပနိုင်ငံများကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး စံနမူနာအဖြစ် မှတ်ယူနိုင်ကြောင်း ၊ အခြေခံအဆောက်အအုံတည်ဆောက်ရေးနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည်စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

Vucic က တတိယအကြိမ်မြောက် "Belt and Road" နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် မိမိသည် အစိုးရကိုယ်စားလှယ်အဖွဲ့ကြီးကို ဦးဆောင်ပြီး တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်းဟာ တရုတ်နိုင်ငံအပေါ် ဆာဘီးယားနိုင်ငံ၏ လေးစားမှု၊ ချစ်ကြည်မှုနှင့် အလေးထားမှုကို ထင်ဟပ်စေကြောင်း၊ ဆာဘီးယား-တရုတ် ဆက်ဆံရေးသည် စမ်းသပ်မှုအမျိုးမျိုးကို ခံနိုင်ခဲ့ပြီး ဆာဘီးယားနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒကို အခိုင်အမာ ကျင့်သုံးကာ တရုတ်နိုင်ငံနှင့် ဆက်နွှယ်သည့် ရေးရာ အားလုံးတွင် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်၍ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်သည် ဆာဘီးယားသမ္မတ Vucic နှင့် တွေ့ဆုံ