ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် တတိယအကြိမ် "Belt and Road" နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံပွဲကျင်းပ

2023-10-18 19:23:33
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖုန်လိယွမ် တို့သည် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်ကြသော နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုရန် အောက်တိုဘာလ ၁၇ ရက်နေ့ ညက ပြည်သူ့ခန်းမဆောင်ကြီး၌ ဧည့်ခံပွဲ ကျင်းပခဲ့ပါသည်။

ရှီကျင့်ဖိန်က ယနေ့ကမ္ဘာကြီးသည် မငြိမ်းချမ်းသေးကြောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းနိုင်ရန်ဖိအားများ တိုးမြင့်လာပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း၊သို့သော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်နိုင်ရေးတို့၏ သမိုင်းရေစီးကြောင်းကို တားဆီး၍မရ ၊ လူတို့၏ ပိုမိုကောင်းမွန်သော ဘဝရရှိလိုသော ဆန္ဒကို တားဆီး၍မရ၊ နိုင်ငံအသီးသီး ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးကို အကောင်အထည်ဖော်ရန် ဆန္ဒကို တားဆီး၍ မရဟု မိမိတို့ အခိုင်အမာ ယုံကြည်ပါကြောင်း၊ မိမိတို့သည် ပူးပေါင်းဆောင်ရွက်မှု၏ မူရင်းစိတ်ကို စွဲစွဲမြဲမြဲ စွဲကိုင်ထားသရွေ့ အရည်အသွေးမြင့် Belt and Road တည်ဆောက်ရေးသည် ခေတ်၏ဂုဏ်ကျက်သရေဖြင့် တောက်ပလာမည်ဖြစ်ပြီး မိမိတို့၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် လူသားတို့အတွက် ပိုမိုသာယာသော အနာဂတ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် တတိယအကြိမ် "Belt and Road" နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံပွဲကျင်းပ