ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

2023-10-18 19:24:06
အရင်းအမြစ်:国际在线

တတိယအကြိမ်မြောက် “Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ရက်နေ့က ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် “Belt and Road” အရည်အသွေးမြင့်စွာ ပူးတွဲ တည်ဆောက်ရေးဆိုင်ရာ လုပ်ဆောင်ချက် ၈ခုကို ထောက်ခံကြောင်း ကြေညာသည့် အပြင် တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့နှင့်အတူ “Belt and Road” ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်၊ “Belt and Road” ပူးတွဲ တည်ဆောက်ရေးကို အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်စေရန်၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ခေတ်မီရေးကို အကောင်အထည်ဖော်ရန် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းလည်း အလေးထားပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား