တရုတ်-နိုင်ဂျီးရီးယားနှင့် တရုတ်-အာဖရိက “Belt & Road” အတူတည်ဆောက်ရေးတွင် ပိုမိုများပြားသည့် လက်တွေ့ကျသော အကျိုးရလဒ်များ ရရှိရန် တွန်းအားပေးလိုသည်ဟု ရှီကျင့်ဖိန်ဆို

2023-10-19 18:51:48
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ တတိယအကြိမ်မြောက် “Belt & Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်ပြည်ကိုရောက်ရှိနေသော နိုင်ဂျီးရီးယား ဒုတိယသမ္မတ ရှယ်တီမာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ရှီကျင့်ဖိန်က ယခုနှစ်သည် “Belt & Road” အတူတည်ဆောက်ရေး အဆိုပြုချက် ဖော်ပြခဲ့သည့် ၁၀ နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်သလို အာဖရိကန်နိုင်ငံများအပေါ် ဖြူစင်လေးစားစွာ ဆက်ဆံသည့် ပေါ်လစီ ဖော်ပြခဲ့သည့် ၁၀နှစ် ပြည့်မြောက်သည့် နှစ်လည်း ဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် တရုတ်-နိုင်ဂျီးရီးယား၊ တရုတ်-အာဖရိကနိုင်ငံများအကြား “Belt & Road” အတူတည်ဆောက်ရာတွင် ပိုမိုများပြားသည့် လက်တွေ့ကျသော အကျိုးရလဒ်များ ရရှိရန်အတွက် နိုင်ဂျီးရီးယားနှင့်အတူ ဆက်လက် ကြိုးပမ်းသွားလိုကြောင်း ဖော်ပြပါသည်။

ရှယ်တီမာက မိမိတို့အနေနှင့် တရုတ်-နိုင်ဂျီးရီးယားတို့၏ အတူဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှတိုက်နှင့် အာဖရိကတိုက်တို့၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရန် အတွက် တရုတ်ပြည်နှင့် လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖော်ပြပါသည်။

တရုတ်-နိုင်ဂျီးရီးယားနှင့် တရုတ်-အာဖရိက “Belt & Road” အတူတည်ဆောက်ရေးတွင် ပိုမိုများပြားသည့် လက်တွေ့ကျသော အကျိုးရလဒ်များ ရရှိရန် တွန်းအားပေးလိုသည်ဟု ရှီကျင့်ဖိန်ဆို