ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်တွေ့ဆုံ

2023-10-19 18:53:34
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၈ရက်နေ့ညတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ဘေကျင်းမြိုရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။

သမ္မတရှီကျင့်ဖိန်က ကုလသမဂ္ဂအဖွဲ့သည် “Belt and Road” အတူတည်ဆောက်ရေးအတွက် အရေးကြီးသောမိတ်ဖက်ဖြစ်ကြောင်း၊ အတွင်းရေးမှူးချုပ်အား “Belt and Road”တည်ဆောက်ရေးကို အမြဲထောက်ခံအားပေးခြင်းအပေါ် မိမိအနေနှင့် အလေးအနက်ချီးကျူးပါကြောင်း၊ မိမိတို့သည် ကုလသမဂ္ဂ လုပ်ငန်းဌာနများနှင့်အတူ “Belt and Road” အရည်အသွေးမြင့်မားစွာ အတူတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ တွန်းအားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်တွေ့ဆုံ