ရှီကျင့်ဖိန် သည် Alberto Fernández နှင့် တွေ့ဆုံ

2023-10-19 18:54:18
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၈ရက်နေ့ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အာဂျင်တီးနားနိုင်ငံသမ္မတ Alberto Fernández နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က တရုတ်-အာဂျင်တီးနားနှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် အနှစ်၅၀ကျော်အတွင်းတွင် နှစ်ဦးနှစ်ဖက်တို့သည် အချင်းချင်းလေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှု၊ အပြန်အလှန်အကျိုးရရှိစေမှုတို့ကို အမြဲစွဲကိုင်ထားကြကြောင်း၊ တရုတ်-အာဂျင်တီးနားဆက်ဆံရေး အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်ရန် အဆက်မပြတ် မြှင့်တင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဂျင်တီးနားနိုင်ငံနှင့်အတူ မဟာဗျူဟာ မြောက်ချိတ်ဆက်မှုများကိုမြှင့်တင်ပြီး တရုတ်-အာဂျင်တီးနားဆက်ဆံရေး ခြေလှမ်းမှန်မှန် ဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကာ ကမ္ဘာကြီးတောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွှတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စံနမူနာ အဖြစ် စိုက်ထူလိုကြောင်း ပြောကြားခဲ့ပါသည်။

Alberto Fernández က မိမိတို့ လိုအပ်သည့်အချိန်တိုင်း တရုတ်နိုင်ငံသည် ကူညီပံ့ပိုးပေး လျက်ရှိကြောင်း၊ ဘက်ပေါင်းစုံဝါဒကို ကာကွယ်ထိန်းသိမ်းရေးများတွင် တရုတ်နိုင်ငံသည် အကောင်းဆုံးသော အဓိပ္ပါယ် ဖွင့်ဆိုပေးကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် သည် Alberto Fernández နှင့် တွေ့ဆုံ