ရှီကျင့်ဖိန် သည် William Samoei Ruto နှင့် တွေ့ဆုံ
အောက်တိုဘာလ ၁၈ရက်နေ့ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကင်ညာနိုင်ငံသမ္မတ William Samoei Ruto နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ကင်ညာနှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် အနှစ်၆၀အတွင်းတွင် နှစ်နိုင်ငံတို့သည် တန်းတူရည်တူဆက်ဆံပြီး အပြန်အလှန်ပံ့ပိုးကူညီကာ အချင်းချင်းယုံကြည်နိုင်သော မိတ်ဆွေကောင်းများ၊ ပူးပေါင်း ဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေသည့် မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်ရေရှည်ရှုထောင့်မှ တရုတ်-ကင်ညာဆက်ဆံရေး ကို ရှုမြင်ပြီး ကင်ညာနိုင်ငံနှင့်အတူ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေး အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလို ကြောင်း ပြောကြားခဲ့ပါသည်။
William Samoei Ruto က မိမိတို့အနေဖြင့် အဆွေတော်နိုင်ငံမှ “Belt and Road” ပူးတွဲတည်ဆောက်ရေး အဆိုပြုချက် ဖော်ပြသော ၁၀နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုနေ ကြကြောင်း၊ ကင်ညာနိုင်ငံသည် “Belt and Road” ပူးတွဲ တည်ဆောက်ရေး အဆိုပြုချက်မှ ကြီးမားသော အကျိုးများကို ရရှိခံစားသူ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။