ရှီကျင့်ဖိန်သည် ပဉ္စမ အကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင် ကုန်သွယ်ရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

2023-10-19 18:56:23
အရင်းအမြစ်:国际在线

ယခုလ ၁၉ ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပဉ္စမ အကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင် ကုန်သွယ်ရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

၄င်းဂုဏ်ပြုသဝဏ်လွှာတွင် တရုတ်နှင့် ရုရှားတို့၏ နှစ်ပေါင်းများစွာ လက်တွဲ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံ၏ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်များစွာတွင် အဆင့်အတန်း မြင့်မားပြီး ဘက်စုံနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်ရေး အနေအထား ဖြစ်တည်လာခဲ့ပြီ ဖြစ်ကြောင်း၊ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ရုရှား အကြား တန်းတူညီမျှပြီး အပြန်အလှန် အကျိုးရှိစေကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ၏ စံနမူနာ ဖြစ်ပြီး နှစ်နိုင်ငံနှင့် တစ်ကမ္ဘာလုံး၏ စွမ်းအင် လုံခြုံမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးရန် အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ရှီကျင့်ဖိန်သည် ပဉ္စမ အကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင် ကုန်သွယ်ရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့