ရှီကျင့်ဖိန် သည် Vo Van Thuong နှင့် တွေ့ဆုံ

2023-10-20 22:19:06
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က အပြောင်းလဲကြီးပြောင်းလဲနေသော နိုင်ငံတကာ အခြေအနေ၊ ခက်ခဲကြီးလေးသော ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးတာဝန်များနှင့် ရင်ဆိုင် ဖြေရှင်းရာတွင် တရုတ်-ဗီယက်နမ်နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားကို ရှေးရှုပြီး နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရင်းနှီးသော မူလစိတ်နေ သဘောထားကို မမေ့ဘဲ တူညီသော ရည်မှန်းချက်နှင့်တာဝန်များကို စွဲစွဲမြဲမြဲမှတ်ထားကာ ဆိုရှယ်လစ် လမ်းကြောင်းအတိုင်း ချီတက်၍ မဟာဗျူဟာမြောက် အဓိပ္ပါယ်ရှိသော ကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-ဗီယက်နမ်နှစ်ဦးနှစ်ဖက်တို့သည် အတူတကွတိုင်ပင်ဆွေးနွေးခြင်း၊ အတူတကွတည်ဆောက်ခြင်းနှင့် အတူတကွမျှဝေခံစားခြင်းဟူသောမူများကို စွဲကိုင်ထားပြီး ပထဝီအနေအထားနီးစပ်ခြင်း၊ လုပ်ငန်းများအပြန်အလှန်ဖြည့်ဆည်းပေးနိုင်ခြင်း ဟူသော အားသာချက်များကို အပြည့်အဝအသုံးပြုကာ “Belt and Road”ပူးတွဲတည်ဆောက်ရေး အဆိုပြုချက်နှင့် ဗီယက်နမ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလျင်အမြန်တွန်းအားပေး၍ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးပြီး နှစ်နိုင်ငံပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးရရှိခံစားစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် သည် Vo Van Thuong နှင့် တွေ့ဆုံ