ရှီကျင့်ဖိန်သည် New Development Bank ဥက္ကဋ္ဌနှင့်တွေ့ဆုံ

2023-10-20 22:18:53
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၉ ရက်နေ့ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် New Development Bank ဥက္ကဋ္ဌ Dilma Rousseff နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က မိမိတို့သည် ၂၀၁၄ ခုနှစ် ဘရာဇီးနိုင်ငံမှာ New Development Bank တည်ထောင်ခြင်းကို အတူတူတွေ့မြင်ခဲ့ကြကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်း မိမိအနေနှင့် NDB ကို အစဉ်တစိုက် အာရုံစိုက်ပြီး၊ ၄င်း အဆက်မပြတ် ဖွံ့ဖြိုးကြီးထွားလာသည်ကို ဝမ်းမြောက်စွာ တွေ့မြင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Rousseff က “သမ္မတ ရှီကျင့်ဖိန်၏ Belt and Road အဆိုပြုချက် ပလက်ဖောင်းဟာ လက်ရှိအခြေအနေမျိုးတွင် ယနေ့ကမ္ဘာကြီး စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရာမှာ အလွန် အရေးကြီးတယ်”ဟု ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် New Development Bank ဥက္ကဋ္ဌနှင့်တွေ့ဆုံ