ရှီကျင့်ဖိန်သည် ထိုင်းဝန်ကြီးချုပ် Srettha Thavisinနှင့် တွေ့ဆုံ

2023-10-20 22:21:07
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တတိယအကြိမ်မြောက် “Belt & Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် Srettha Thavisinနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ရှီကျင့်ဖိန်က ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် တရုတ်ပြည်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် တရားဝင် လာရောက်လည်ပတ်သည့် ပထမဆုံးနိုင်ငံအဖြစ် ရွေးချယ်ခဲ့ခြင်းသည် သင်နှင့် ထိုင်းအစိုးရသစ်တို့က တရုတ်-ထိုင်း ဆက်ဆံမှု အပေါ် လွန်စွာ အလေးထားခြင်းကို အပြည့်အဝ ပြသထားကြောင်း၊ တရုတ်ပြည် အနေနှင့် ထိုင်းနိုင်ငံနှင့် အတူ “တရုတ်-ထိုင်းသည် မိသားစု တစ်စုတည်း ဖြစ်ခြင်း”တွင် ခေတ်သစ် အနှစ်သာရကို အဆက်မပြတ် သွင်းပေးပြီး နှစ်နိုင်ငံအကြား အစဉ်အလာ ချစ်ကြည်ရေး အားသာချက်ကို ခေတ်သစ်တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် win-win အတွက် အားသစ်အဖြစ် ပြောင်းလဲကာ တရုတ်-ထိုင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲ တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ထိုင်းဝန်ကြီးချုပ် Srettha Thavisinနှင့် တွေ့ဆုံ