ရှီကျင့်ဖိန်သည် ပါကစ္စတန် ဝန်ကြီးချုပ် Kakar နှင့် တွေ့ဆုံ

2023-10-20 22:23:32
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၉ရက်နေ့ညတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ပါကစ္စတန် ဝန်ကြီးချုပ် Kakar နှင့် ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံခဲ့ပါသည်။

သမ္မတရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်ခြင်း ၁၀ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း စင်္ကြံတည်ဆောက်မှုသည် အောင်ကျိုးရလဒ်များစွာ ရရှိကာ "Belt and Road" ပူးပေါင်းတည်ဆောက်မှုတွင် အရေးပါသော အထင်ကရစီမံကိန်းတစ်ခု ဖြစ်လာကြောင်း၊ တရုတ်နိုင်ငံသည် ပါကစ္စတန်နှင့်အတူ နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေးကို မြှင့်တင်ပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေကာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို အရည်အသွေးမြင့်မားစွာ ပူးတွဲတည်ဆောက်၍ ခေတ်သစ်တွင် ပိုမိုရင်းနှီးသော တရုတ်-ပါကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းရေးအတွက် အဆက်မပြတ် အကျိုးပြု စွမ်းဆောင်လိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ပါကစ္စတန် ဝန်ကြီးချုပ် Kakar နှင့် တွေ့ဆုံ