၁၃ ကြိမ်မြောက် တရုတ် အမျိုးသမီးများ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ဘေကျင်း၌ ကျင်းပ၊ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ တက်ရောက် ထောမနာပြု

2023-10-24 19:10:05
အရင်းအမြစ်:国际在线

၁၃ ကြိမ်မြောက် တရုတ် အမျိုးသမီးများ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လေ့ကျည့်၊ ဝမ်ဟုနင်၊ ဆိုက်ချီ၊ လီရှီ စသည့် တရုတ် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ပြီး ထောမနာပြုခဲ့ကြပါသည်။ တင်ရွှေရှန်သည် ပါတီဗဟိုကော်မတီ ကိုယ်စား မိန့်ခွန်းပြောကြားခဲ့ပါသည်။ တရုတ်တစ်ပြည်လုံး လုပ်ငန်းပေါင်းစုံမှ အမျိုးသမီးကိုယ်စားလှယ် ၁၈၀၀ ခန့်နှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ် ၉၀ တို့သည် ညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။

နံနက် ၁၀ နာရီခန့်တွင် ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ခန်းမဆောင်ကြီးသို့ ဝင်ရောက်ခဲ့ရာ ခန်းမဆောင်ကြီး၌ လှိုက်လှဲသော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။ တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ညီလာခံ သဘာပတိအဖွဲ့ အမြဲတမ်းသဘာပတိ ရှင်ယွဲ့ယွဲ့က ညီလာခံ ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပါသည်။ တင်ရွှေရှန်သည် ပါတီဗဟိုကော်မတီ ကိုယ်စား (မွန်မြတ်သည့် အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေး လုပ်ငန်းအတွက် ခေတ်သစ် “ကောင်းကင်တစ်ဝက်”၏ ရွှမ်းတင့်သော အခန်းကဏ္ဍကို ဖွင့်လှစ်ခြင်း) ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားပြီး ညီလာခံ ကျင်းပခြင်းကိုဂုဏ်ပြုကြောင်း၊ တစ်ပြည်လုံးမှ အမျိုးသမီးများနှင့် အမျိုးသမီးဝန်ထမ်းများအား နှုတ်ခွန်းဆက်သကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသနှင့် ထိုင်ဝမ် ဒေသမှ အမျိုးသမီးများ၊ ပင်လယ်ရပ်ခြားရောက် တရုတ်နွယ်ဖွား အမျိုးသမီးများအား ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

၁၃ ကြိမ်မြောက် တရုတ် အမျိုးသမီးများ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ဘေကျင်း၌ ကျင်းပ၊ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ တက်ရောက် ထောမနာပြု