ရှီကျင့်ဖိန်သည် တရုတ် ပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အဖွဲ့ အဖွဲ့ဝင်သစ်များနှင့် တွေ့ဆုံ ဆွေးနွေး

2023-10-24 19:11:37
အရင်းအမြစ်:国际在线

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ဘေကျင်း ကျုံးနန်ဟိုင်၌ တရုတ် ပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အဖွဲ့ အဖွဲ့ဝင်သစ်များနှင့် တွေ့ဆုံ ဆွေးနွေးပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က အလုပ်သမားသမဂ္ဂသည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော အလုပ်သမားများ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ အလုပ်သမားသမဂ္ဂ သည် ပါတီ၏ ဘက်စုံ ဦးဆောင်မှုကို စွဲကိုင်ရမည် ဖြစ်ပြီး ယင်းသည် မည်သည့်အခါ မဆို မည်သည့် အခြေအနေမျိုး၌ မဆို ယိမ်းခါ၊ တိမ်းမှားလို့ မရကြောင်း၊ အလုပ်သမားများကို အပြည့်အဝ အားကိုးရေး အရင်းခံ မူဝါဒကို စွဲကိုင်ရမည် ဖြစ်ပြီး အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေး ဖြစ်သည့် မွန်မြတ်သော လုပ်ငန်းများ ဘက်စုံ မြှင့်တင်ရေးတွင် အလုပ်သမားများ တက်ကြွစွာ ပါဝင်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် တရုတ် ပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အဖွဲ့ အဖွဲ့ဝင်သစ်များနှင့် တွေ့ဆုံ ဆွေးနွေး