ရှီကျင့်ဖိန်သည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသော နိုင်ငံခြားရေး အယူအဆ ဖော်ပြခဲ့ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ထံသို့ မိန့်ခွန်းသဝဏ်လွှာ ပေးပို့

2023-10-24 19:12:22
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသော နိုင်ငံခြားရေး အယူအဆ ဖော်ပြခဲ့ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ထံသို့ မိန့်ခွန်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ယင်းမိန့်ခွန်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသော နိုင်ငံခြားရေး အယူအဆကို လက်တွေ့ကျကျ ဖော်ဆောင်ပေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံ တိုးမြှင့်ခဲ့ကြောင်း၊ နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆက်မပြတ် တိုးမြင့်လာပြီး အပြန်အလှန် အကျိုးရှိစေရေးသည် ဆက်တိုက် နက်ရှိုင်း လာကာ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး ဖြစ်သည့် ထွန်းလင်းသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်သည် “အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း - အနက်သဘောအသစ်၊ ဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် မျှော်မှန်းချက်အသစ်” ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသော နိုင်ငံခြားရေး အယူအဆ ဖော်ပြခဲ့ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ထံသို့ မိန့်ခွန်းသဝဏ်လွှာ ပေးပို့