ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်အား တယ်လီဖုန်းဖြင့် ဆက်သွယ်

2023-11-21 18:02:17
အရင်းအမြစ်:国际在线

နိုဝင်ဘာလ ၂၀ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ် နိုင်ငံ သမ္မတ မက်ခရွန်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်၊ပြင်သစ်တို့သည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရာတွင် ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ကြကြောင်း၊ တရုတ်ဘက်သည် ပြင်သစ်ဘက်နှင့်အတူ ရာသီဥတုပြောင်းလဲမှုကို လက်တွဲရင်ဆိုင်ဖြေရှင်းသော လက္ခဏာကို ပြင်ပအား ထုတ်ပြပြီး ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဒူဘိုင်းညီလာခံတွင် အောင်မြင်မှုရရှိရန် တွန်းအားပေးလို ကြောင်း အလေးထားပြောကြားပါသည်။

မက်ခရွန်က မိမိအနေနှင့် ယခုတလော နှစ်နိုင်ငံ အဆင့်ဆင့် ကူးလူးဖလှယ်မှုများအပေါ် ကျေနပ်မိကြောင်း၊ လက်ရှိနိုင်ငံတကာအခြေအနေတွင် ပြင်သစ်နှင့် တရုတ်တို့ အကြား မဟာဗျူဟာမြောက် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားခြင်း သည် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်အား တယ်လီဖုန်းဖြင့် ဆက်သွယ်