ရှီကျင့်ဖိန်သည် အာဂျင်တီးနားနိုင်ငံသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံရသည့် Milei Javier အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

2023-11-23 18:07:40
အရင်းအမြစ်:国际在线

နိုဝင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာဂျင်တီးနား သမ္မတနိုင်ငံ၏ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသော Milei Javier အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် မိမိသည် တရုတ်နှင့် အာဂျင်တီးနား ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ သမ္မတ Milei Javier နှင့်အတူ တရုတ်နှင့် အာဂျင်တီးနား ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကိုယ်စီနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးကို အားသစ်လောင်းပေး၍ နှစ်နိုင်ငံ ဆက်ဆံမှု ရေရှည် တိုးတက်ခြင်းကို တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြု ဆောင်ရွက်လိုပါကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်သည် အာဂျင်တီးနားနိုင်ငံသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံရသည့် Milei Javier အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့