တရုတ်ကာကွယ်ဆေး၏ လုံခြုံစိတ်ချရမှုနှင့် အကျိုးသက်ရောက်မှုကို မည်သည့် မုသားစကားဖြင့်မဆို ချေဖျက်၍ မရ

2023-01-17 17:57:02
အရင်းအမြစ်:国际在线

တရုတ်ပြည်၏ ကပ်ရောဂါ တိုက်ဖျက်ရေးသည် အဆင့်ကာလသစ်သို့ ဝင်ရောက်နေပြီ ဖြစ်ပါသည်။ သို့သော် အမေရိကန် နိုင်ငံရေး သမားနှင့် မီဒီယာအချို့သည် ယင်းကို အကြောင်းပြုပြီး တရုတ်ပြည်ထုတ် ကိုဗစ် ၁၉ ကာကွယ်ဆေး အပေါ် အသေရေဖျက်ခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းများ ထပ်မံ ပြုလုပ်နေပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ချေဖျက်ရန်နှင့် ကိုယ့်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီများအတွက် ကြော်ငြာပြီး အကျိုးအမြတ် ရရှိရန် ဖြစ်ပါသည်။


တရုတ်ကာကွယ်ဆေး၏ လုံခြုံစိတ်ချရမှုသည် လက်တွေ့အသုံးပြုမှုများ၏ စိန်ခေါ်မှုကို ခံနိုင်ရည်လည်း ရှိပါသည်။ လက်ရှိ တရုတ်ပြည်တွင် ကိုဗစ် ၁၉ ကာကွယ်ဆေး ၃ ကြိမ် ထိုးနှံမှုနှုန်းမှာ ၉၂.၉ ရာခိုင်နှုန်း ရှိပြီး အသက် ၆၀နှစ် အထက် သက်ကြီးရွယ်အို ဦးရေ၏ ရာခိုင်နှုန်း ၉၀ ထိုးနှံပြီးစီးခဲ့ပါသည်။ တရုတ်ပြည်သည် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၂၀ကျော်အား ကိုဗစ် ၁၉ ကာကွယ်ဆေး ကြိမ်ရေ ၂.၂ဘီလီယံကျော်ကို ထောက်ပံ့ပေးခဲ့ပါသည်။ လက်ရှိကမ္ဘာပေါ်တွင် တရုတ်ကာကွယ်ဆေးများကို အတိုင်းအတာ ကြီးမားစွာ အသုံးပြုနေသော နိုင်ငံများတွင် ကာကွယ်ဆေး လုံခြုံရေး ပြဿနာကို မတွေ့ရှိခဲ့ပေ။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ် ကိုဗစ် ၁၉ ကာကွယ်ဆေး ၃ မျိုးကို အရေးပေါ် အသုံးပြုသည့် ကာကွယ်ဆေး အမည်စာရင်းတွင် ထည့်သွင်းခြင်း၊ နိုင်ငံ ၁၀၀ကျော်က တရုတ် ကာကွယ်ဆေးကို အသုံးပြုရန် ခွင့်ပြုခြင်း၊ တူရကီ၊ အာရပ် စော်ဘွားများ နိုင်ငံနှင့် ချီလီစသည့် နိုင်ငံ ၃၀ကျော်မှ နိုင်ငံတော် ထိပ်သီးခေါင်းဆောင်များက ရှေ့ဆောင်ရှေ့ရွက်ပြုပြီး တရုတ် ကာကွယ်ဆေးများကို ထိုးနှံခဲ့ခြင်း၊ နိုင်ငံများစွာက တရုတ် ကာကွယ်ဆေးများကို under age ကလေးများအား ထိုးနှံပေးသည့် တစ်ခုတည်းသော ကာကွယ်ဆေး အဖြစ် သတ်မှတ်ထားခြင်း စသည်များဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် တရုတ်ကာကွယ်ဆေးကို “ယုံကြည်မဲ” ပေးခဲ့ကြပါသည်။ ယင်းကို မည်သည့် မုသားစကားဖြင့် မဆို ချေဖျက်၍ မရပေ။


ကာကွယ်ဆေးသည် အမေရိကန် လူအချို့၏ နိုင်ငံရေး လက်ကိုင်တုတ် မဟုတ်ဘဲ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အားကောင်းသည့် လက်နက် ဖြစ်ပါသည်။ အမေရိကန် လူအချို့သည် သိပ္ပံပညာကို ကျောခိုင်းပြီး အဖြစ်မှန်ကို လျစ်လျူရှုသည့် မုသားစကားများကို ထပ်ခါတလဲလဲ ဖြန့်ချိမယ့် အစား ကိုယ့်နိုင်ငံ၏ ကပ်ရောဂါ တိုက်ဖျက်ရေး ပြဿနာကို ပြန်လည်သုံးသပ်ပြီး ကာကွယ်ဆေး လှူဒါန်းရန် ကတိခံဝန်ချက်ကို အမြန်ဆုံး အတည်ဖြစ်စေသင့်ပါသည်။

တရုတ်ကာကွယ်ဆေး၏ လုံခြုံစိတ်ချရမှုနှင့် အကျိုးသက်ရောက်မှုကို မည်သည့် မုသားစကားဖြင့်မဆို ချေဖျက်၍ မရ