ကူးစက်ရောဂါတိုက်ဖျက်ရေး အံ့ဖွယ်ဆောင်ရွက်ချက်က CPC အုပ်ချုပ်မှုစနစ်စွမ်းဆောင်မှုကို မီးမောင်းထိုးပြနေ

2023-02-20 18:56:46
အရင်းအမြစ်:新华社

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ရောဂါတိုက်ဖျက်ရေး၌ သုံးနှစ်ကျော်ကြာ အံ့မခန်းသော ခရီးစဉ်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် စိန်ခေါ်မှုရှိသော အခြေအနေများကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင်ပင် ပန်းတိုင်များချမှတ်လျက် နိုင်ငံကို ပဲ့ကိုင်ထိန်းကျောင်းရာတွင်လည်း အသိအမှတ်ပြုလောက်ဖွယ် စွမ်းဆောင်ရည်ရှိသည်ကို ပြသခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး၌ အဓိကကျ၍ တိကျပြတ်သားသော အောင်မြင်မှုရရှိခဲ့ကြောင်း၊ လူဦးရေထူထပ်သောနိုင်ငံကို ကပ်ရောဂါမှ အောင်မြင်စွာဆွဲတင်နိုင်ခဲ့ခြင်းကြောင့် လူသားယဉ်ကျေးမှုသမိုင်းတွင် အံ့ဖွယ်ဖြစ်ရပ်ကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသော CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့သည်။ (Xinhua)

ကူးစက်ရောဂါတိုက်ဖျက်ရေး အံ့ဖွယ်ဆောင်ရွက်ချက်က CPC အုပ်ချုပ်မှုစနစ်စွမ်းဆောင်မှုကို မီးမောင်းထိုးပြနေ