“နေ့စဉ်ဆန်းသစ်မှုမှသည် အနာဂတ်ဆီသို့ ”၂၀၂၃ ခုနှစ် မီဒီယာ နက်ရှိုင်းသော ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု Rixin (ယီရှင်း)ဖိုရမ်ကို ကူမင်းတွင် ကျင်းပခဲ့

2023-02-23 18:04:56
အရင်းအမြစ်:澜湄趴

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ၏ မီဒီယာများ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အင်တာနက် ကုမ္ပဏီများသည် ယူနန်ပြည်နယ်တွင် ဆုံစည်းကာ “ နေ့စဉ်ဆန်းသစ်မှုမှသည် အနာဂတ်ဆီသို့ ”၂၀၂၃ ခုနှစ် မီဒီယာ နက်ရှိုင်းသော ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု Rixin (ယီရှင်း)ဖိုရမ်ကို ပါဝင်တက်ရောက်ကြပါသည်။ မီဒီယာများ၏ နက်ရှိုင်းသော ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့သည်။ "မီဒီယာပေါင်းစည်းဖွံ့ဖြိုးမှု အဓိကစမ်းသပ်ခန်းက စမ်းသပ်လုပ်ဆောင်မည့်အချက်များ" ဟူသောအကြောင်းအရာများကို မူတည်ကာ "မီဒီယာပေါင်းစည်း ဖွံ့ဖြိုးမှုဆိုင်ရာ ခေတ်ရေစီးကြောင်းအသစ်များ၊ လုပ်ငန်းစဉ်အသစ်များနှင့် နည်းပညာအသစ်များ မြှင့်တင်ဖော်ဆောင်ရန် ဖြေရှင်းမည့် အတွေးအခေါ်များကို ဆွေးနွေးခဲ့ကြပါသည်။

ယူနန်က ဘာကို စမ်းသပ်နေသနည်း။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ယူနန်နေ့စဥ်သတင်းစာအဖွဲ့က တာဝန်ယူ တည်ဆောက်သည့် ယူနန်ပြည်နယ် မီဒီယာပေါင်းစည်းဖွံ့ဖြိုးမှု အဓိကစမ်းသပ်ခန်းကို ထူထောင်ခဲ့ပါသည်။ အဆိုပါစမ်းသပ်ခန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွင် ပထမဆုံးသော ပြည်နယ်အဆင့် အရေးပါ စမ်းသပ်ခန်းဖြစ်သည်။ ထိုစမ်းသပ်ခန်းမှ အလေးထား ဖော်ဆောင်သည့် လုပ်ငန်းတာဝန် ၃ ရပ်ရှိပါသည်။ ပထမလုပ်ငန်းတာဝန်မှာ အပလီကေးရှင်း-အသားပေး 5G၊ ဒေတာကြီး၊ cloud computing၊ စမတ်ဉာဏ်ရည်တုစသည့် မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဓိကနည်းပညာများ သုတေသနပြုခြင်းနှင့် ထုတ်ကုန်ဖော်ထုတ်ခြင်း ဖြစ်ပါသည်။ ဒုတိယလုပ်ငန်းတာဝန်မှာ မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကောလိပ်ကို တည်ထောင်ခြင်း၊ လူတော်လူချွန်များ ခေါ်ယူရန် လုပ်ထုံးလုပ်နည်းများ တီထွင်ဆန်းသစ်ခြင်းနှင့် Think Tank ပညာရှင်အဖွဲ့များ တည်ဆောက်ခြင်း စသည်တို့ ဖြစ်ပါသည်။ တတိယလုပ်ငန်းတာဝန်မှာ အဆင့်ဆင့် အမျိုးမျိုးရှိသော မီဒီယာများနှင့် လက်တွဲကာ အရင်းအမြစ်များကို စုစည်းပြီး သတင်းအချက်အလက်အကြောင်းအရာများ၊ နည်းပညာ အပလီကေးရှင်းများ၊ ပလက်ဖောင်းများနှင့် စီမံခန့်ခွဲမှုနည်းလမ်းများ ချိတ်ဆက်ပေါင်းစပ်မှုကို ဖြစ်မြောက်စေခြင်း ဖြစ်ပါသည်။

ပြီးခဲ့သော တစ်နှစ်ကျော်အတွင်းတွင် ယူနန်ပြည်နယ် မီဒီယာပေါင်းစည်းဖွံ့ဖြိုးမှု အဓိကစမ်းသပ်ခန်းသည် ကျော်ကြားသူအလုပ်ရုံများ၊ လူငယ်အလုပ်ရုံနှင့် မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုအလုပ်ရုံများ တည်ထောင်ခဲ့ပါသည်။ ပရိသတ်ကြည့်ရှုမှု ၁၀ သန်းကျော်ရှိသော သတင်းဆောင်းပါးနှင့် ဗီဒီယို ၅၀ ကျော်နှင့် ပရိသတ်ကြည့်ရှုမှု သန်း ၁၀၀ ကျော်ရှိသည့် သတင်းဆောင်းပါးနှင့် ဗီဒီယို ၁၂ ခုကို ဖန်တီးခဲ့သည်။

နည်းပညာသည် မီဒီယာအတွက် တက်ကြွမှုကို မည်သို့ တွန်းအားပေးသနည်း။

သတင်းအချက်အလက်ပုံစံနှင့် အင်တာနက်ကွန်ရက်ပုံစံတို့မှ ဒစ်ဂျစ်တယ်ပုံစံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် နည်းပညာဌာနများသည် မီဒီယာများ ကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရန် ခက်ခဲသည်ဟု ဆင်ဟွာသတင်းဌာန၏ မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု နည်းပညာနှင့် စနစ်ဆိုင်ရာ အမျိုးသား အဓိကစမ်းသပ်ခန်းမှ ဒုတိယအလုပ်အမှုဆောင်ဌာနမှူး ဟော်တာ့ဝေးက ထင်မြင်ယူဆပါသည်။ မီဒီယာပေါင်းစည်းဖွံ့ဖြိုးမှု အဓိကစမ်းသပ်ခန်းသည် နောက်ဆုံးပေါ် နည်းပညာကို အခြေခံ၍ မီဒီယာ၏ လုပ်ငန်းအစီအစဥ်များကို ပြန်လည် ပြုပြင်ပြီး ထုတ်လုပ်မှုအကြောင်းရင်း တစ်ခုလုံးကို စီမံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဖော်ပြပါသည်။

နည်းပညာသည် အသုံးချမှုများအတွက် ဝန်ဆောင်ပေးပြီး မည်သူမည်ဝါ အသုံးပြုရမည်နှင့် မည်သည့် ပြဿနာများ ဖြေရှင်းရမည်ကို ပထမအဆင့်အနေနှင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြောရမည်ဆိုလျှင် နည်းပညာနှင့် လုပ်ငန်းများသည် ကောင်းမွန်စွာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ စီးပွားဖြစ်ပြုလုပ်ခြင်းဖြင့် အတည်ပြုနိုင်ပြီး "နေ့စဉ်အလုပ်" နှင့် "လစဉ်အလုပ်" တို့သည်လည်း စကားပြောဆိုနိုင်ပြီး အတည်ပြုပေးနိုင်ပါသည်။

  

Metaverse ကို မည်ကဲ့သို့ အသုံးပြုမည်နည်း။

ကွန်ပျူတာစွမ်းအားနှင့် algorithms ကျွမ်းကျင်သော ဤလူ့အဖွဲ့အစည်းတွင် ကျွန်ုပ်တို့သည် စိတ်ကူးယဉ် ကမ္ဘာ တစ်ခု လိုအပ်ကြောင်း၊ မီဒီယာထုတ်ကုန်များ၏ အစမှတ်တွင် ပရိသတ်နှင့် ၎င်းတို့၏ လိုအပ်ချက်များ ဖြစ်သင့်ပြီး အကြောင်းအရာများ ရွေးချယ်ရန် အလွန်အရေးကြီးကြောင်း ဖူတန်တက္ကသိုလ်မှ ပါမောက္ခကျန်းတျန်ယွမ်က ယူဆပါသည်။

Metaverse သည် ဒစ်ဂျစ်တယ်နှင့် လက်တွေ့ဘဝတို့အပေါ် နက်နဲသော ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် "အရာရာတိုင်းသည် ဝင်ပေါက်ဖြစ်သည်"ဟူသည့် စီးပွားရေးလုပ်ငန်းပုံစံနှင့် စက်မှုလုပ်ငန်းဖွဲ့စည်းပုံကို ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး မီဒီယာပေါင်းစည်းဖွံ့ဖြိုးမှု အဓိကစမ်းသပ်ခန်းသည် ၎င်းဖြစ်စဥ်တွင် ရှေ့ရေးအလားအလာ ကြီးမားလှပါသည်ဟု JD Discovery Research Institute မှ ဌာနမှူးနှင့် JD Group ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ တောင်တာ့ချိန်က ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - “Lancang-Mekong Party ”WeChat အကောင့်။ ဘာသာပြန် - Yunnan gateway)

“နေ့စဉ်ဆန်းသစ်မှုမှသည် အနာဂတ်ဆီသို့ ”၂၀၂၃ ခုနှစ် မီဒီယာ နက်ရှိုင်းသော ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု Rixin (ယီရှင်း)ဖိုရမ်ကို ကူမင်းတွင် ကျင်းပခဲ့