တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံခြား ကုန်သွယ်မှု ကုမ္ပဏီများသည် ယုံကြည်မှု အပြည့်ရှိသည်
2023-03-20 19:26:11
အရင်းအမြစ်:国际在线
မတ်လ မှစတင်၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပြန်လည်ဦးမော့လာသည့် လက္ခဏာများပြသပြီး နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများသည် ယခုနှစ်အတွင်း ၎င်းတို့၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်မှု အပြည့်ရှိကြပါသည်။ ယိဝူနိုင်ငံတကာကုန်သွယ်ရေးမြို့ကို "ကမ္ဘာ့စူပါမားကတ်" ဟု ခေါ်ကြပါသည်။ ဤနေရာတွင် ဆိုင်ပေါင်း ၇၅၀၀၀ ရှိပြီး ကမ္ဘာတစ်ဝန်းမှ ဝယ်ယူသူများကို ကုန်ပစ္စည်း ၂ သန်း ၁ သိန်းကျော်ကို ရောင်းချပေးနိုင်ပါသည်။ မကြာသေးမီက ပိုမိုများပြားသော နိုင်ငံခြားကုန်သည်များသည် ဤနေရာသို့ လာရောက်ကာ ကုန်စည်များကြည့်ရှု ညှိနှိုင်းဆွေးနွေးပြီး အော့ဖ်လိုင်းကုန်သွယ်မှု ပြန်လည်နာလန်ထူလာသည့် လက္ခဏာများတွေ့ရပါသည်။