ကိုရီးယားကျွန်းဆွယ်ကိစ္စနှင့် ပတ်သက်၍ စံနှစ်ထပ်ချမှတ်ခြင်းအတွက် တရုတ်က အမေရိကန်ကိုဝေဖန်

2023-03-21 18:42:41
အရင်းအမြစ်:国际在线

ဒေသစံတော်ချိန် ၂၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကိုရီးယားကျွန်းဆွယ်အခြေအနေဆိုင်ရာ ယာယီအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ်က အမေရိကန်အား ကိုရီးယားကျွန်းဆွယ် အရေးကိစ္စနှင့် ပတ်သက်၍ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်ပြီး စံနှစ်ထပ် ချမှတ်ခြင်းအပေါ် ဝေဖန်ခဲ့ပါသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းဒုတိယကိုယ်စားလှယ် ကင်ရွှမ်က အမေရိကန်သည် မြောက်ကိုရီးယားအား နျူကလီးယားကင်းစင်ရန် တောင်းဆိုနေသော်လည်း နျူကလီးယားလက်နက်မရှိသော နိုင်ငံများသို့ လက်နက်အဆင့်ရှိသော သန့်စင်သည့် ယူရေနီယံများကို လွှဲပြောင်းပေးကာ ယင်းသည် သိသာထင်ရှားသော စံနှစ်ထပ်ချမှတ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်စသည့် သုံးနိုင်ငံတို့၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်ကို ပျက်ပြားစေပြီး လက်နက်ပြိုင်ဆိုင်မှုကို လှုံ့ဆော်ပေးကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေကြောင်း ပြောကြားပါသည်။

ကိုရီးယားကျွန်းဆွယ်ကိစ္စနှင့် ပတ်သက်၍ စံနှစ်ထပ်ချမှတ်ခြင်းအတွက် တရုတ်က အမေရိကန်ကိုဝေဖန်