ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇစ်မြစ် ရှာဖွေရေးကို နိုင်ငံရေးကိစ္စဖြစ်အောင်လုပ်ခြင်း ချက်ချင်းရပ်တန့်ရန်နှင့် ကမ္ဘာ့ပြည်သူများအား ရှင်းလင်းချက်ပေးရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်အား တိုက်တွန်း

2023-03-22 20:13:00
အရင်းအမြစ်:国际在线

မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်သည် ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇစ်မြစ် ဥပဒေကြမ်းကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးခွန်းတစ်ခုမေးခဲ့ပါသည်။ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က သက်ဆိုင်ရာ အမေရိကန် ဥပဒေကြမ်းပါ တရုတ်နှင့် ဆက်နွှယ်သည့် အကြောင်းအရာများသည် အဖြစ်မှန် လုံးဝ မဟုတ်ဘဲ အထောက်အထား လုံးဝ မရှိသည့် အခြေအနေတွင် ဓာတ်ခွဲခန်း ယိုစိမ့်မှု သီအိုရီကို ဝါဒဖြန့်ကာ တရုတ်နိုင်ငံကို အပုပ်ချကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ကိုဗစ်-၁၉ဗိုင်းရပ်စ်၏ ဇစ်မြစ်ကို ရှာဖွေခြင်းဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တသမတ်တည်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ ရှာဖွေခြင်းကို အမြဲပါဝင်ထောက်ခံပြီး နိုင်ငံရေး ခြယ်လှယ်မှုပုံစံမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇစ်မြစ် ရှာဖွေရေးကို နိုင်ငံရေးကိစ္စဖြစ်အောင်လုပ်ခြင်း ချက်ချင်းရပ်တန့်ရန်နှင့် ကမ္ဘာ့ပြည်သူများအား ရှင်းလင်းချက်ပေးရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်အား တိုက်တွန်း