တရုတ်နှင့်ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာကြီးအတွက် လွန်စွာ အရေးကြီးပါသည်

2023-03-23 19:31:10
အရင်းအမြစ်:国际在线

မကြာခင်က တရုတ်နိုင်ငံ သမ္မတနှင့် ရုရှားနိုင်ငံ သမ္မတတို့သည် ပူးတွဲကြေညာချက် နှစ်ရပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုပြီး လာမည့် အဆင့်ကာလတွင် နှစ်ဖက်ဆက်ဆံမှု တိုးတက်ရေးနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို စီမံခန့်ခွဲခဲ့ကြပါသည်။ နှစ်ဖက်တို့သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောလုပ်ငန်း၊ အခြေခံသိပ္ပံပညာ သုတေသနလုပ်ငန်း စသည့် လုပ်ငန်းနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များကိုလည်း ချုပ်ဆိုခဲ့ကြပါသည်။

မျက်မှောက်အချိန်တွင် နိုင်ငံတကာ အခြေအနေ ပြင်းထန်စွာ ပြောင်းလဲနေပြီး အနောက်နိုင်ငံ အချို့သည် စစ်အေးတိုက်ပွဲ အတွေးအခေါ်ဖြင့် ဂိုဏ်းအုပ်စုနိုင်ငံရေးနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ပြုလုပ်ကြပြီး ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်မှုများ ဖြစ်စေနေပါသည်။ နိုင်ငံတကာ အခြေအနေသည် ရှုပ်ထွေးပွေလီ ဖြစ်လေလေ တရုတ်နှင့် ရုရှားတို့ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံသည် ထင်ရှား လေလေ ဖြစ်ပါသည်။

နှစ်ဖက်တို့ ချုပ်ဆိုခဲ့သည့် တရုတ်နှင့်ရုရှား ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေး ပူးတွဲ ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် နှစ်ဖက်တို့သည် ကမ္ဘာ့ အခြေအနေနှင့် အရေးကြီး ရေးရာများတွင် တူညီသော ထင်မြင်ချက်များ ရှိပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း ကောင်စီဝင်နိုင်ငံတွေ အဖြစ်ဖြင့် တရုတ်နှင့် ရုရှားတို့သည် နိုင်ငံတကာ Multipolarizationဖြစ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံမှု ဒီမိုကရေစီ ဖြစ်ရေးတို့ကို ဦးလည်မသုန် တွန်းအားပေးနေပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကျောရိုးမဏ္ဍိုင် ဖြစ်လာပါသည်။

နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ လမ်းညွှန်ဦးဆောင်မှုဖြင့် တရုတ်နှင့် ရုရှား ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေးသည် တစ်ဆင့်တိုး နက်ရှိုင်းသွားမည် ဖြစ်ပါသည်။ မတည်မငြိမ် ဖြစ်နေသော ကမ္ဘာကြီးတွင် တရုတ်နှင့် ရုရှားတို့ လက်တွဲ ဆောင်ရွက်ပြီး နိုင်ငံတကာ Multipolarizationဖြစ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံမှု ဒီမိုကရေစီ ဖြစ်ရေးတို့သည် ပိုမို များပြားသော တွန်းအား ရှိလာမည် ဖြစ်ပြီး နိုင်ငံတကာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ပိုမိုများပြားသော အာမခံချက် ရှိမည် ဖြစ်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။

တရုတ်နှင့်ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာကြီးအတွက် လွန်စွာ အရေးကြီးပါသည်