ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အနောက်နိုင်ငံများ၏ အကြောင်းမဲ့ ပြစ်တင်ရှုတ်ချမှုကို တရုတ်ကိုယ်စားလှယ်က ချေပပြောဆို

2023-03-27 17:46:12
အရင်းအမြစ်:国际在线

မတ်လ၂၂ ရက်နေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် ဆွေးနွေးပွဲတွင် တရုတ်ကိုယ်စားလှယ်က မိန့်ခွန်းပြောကြားခဲ့ရာ အနောက်နိုင်ငံများ၏ အကြောင်းမဲ့ ပြစ်တင်ရှုတ်ချမှုကို ချေပပြောဆိုပြီး အနောက်နိုင်ငံများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များနှင့် ကြောင်သူတော်ဖြစ်မှုကို ဝေဖန်ခဲ့ပါသည်။

တရုတ်နိုင်ငံသည် ပြည်သူများကို ဗဟိုပြုပြီး “လူ့အခွင့်အရေးကို နိုင်ငံအနေနှင့် လေးစားပြီး အာမခံပေး”ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကို စွဲကိုင်ကာ သန်းပေါင်း ၁၄၀၀ ကျော်ရှိ တရုတ်ပြည်သူများ၏ ပျော်ရွှင်ချမ်းမြေ့သော နေထိုင်မှုဘဝကို အရေးအကြီးဆုံး လူ့အခွင့်အရေးအဖြစ် ဆောင်ရွက်ကြောင်း၊ တရုတ်ပုံစံခေတ်မီရေးကို လုပ်ဆောင်သဖြင့် လူ့အခွင့်အရေးလုပ်ငန်းကို အဆက်မပြတ် တွန်းအားပေးကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းများကို လိမ်လည်ဖြန့်ဝေပြီး လူအခွင့်အရေးကောင်စီတွင် တရုတ်နှင့်ပတ်သက်သောအကြောင်းအရာများကို ပြန်လည် တင်ပြကာ တရုတ်နိုင်ငံကို အကြောင်းမဲ့ ပြစ်တင်ရှုတ်ချကြောင်း၊ နိုင်ငံပေါင်း ၁၀၀ နီးပါးသည် ရှင်းကျန်း၊ ရှီးဇန့်(တိဘက်)၊ ဟောင်ကောင်စသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီတွင် နည်းမျိုးစုံဖြင့် တရုတ်နိုင်ငံကို ထောက်ခံခဲ့ကြကြောင်း၊ ဂျီနီဗာဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံမှူးကြီး လီလျှောက်မေက ဆိုပါသည်။

တရုတ်နိုင်ငံကို အကြောင်းမဲ့ ပြစ်တင်ရှုတ်ချခဲ့သည့်နိုင်ငံများ လုပ်သင့်လုပ်ထိုက်သင့်ဆုံးမှာ မိမိနိုင်ငံရှိ လူမျိုးရေးခွဲခြားခြင်း၊ သေနတ်ပတ်ခတ်မှု အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှု စသည့် ဆိုးဝါးသော လူ့အခွင့်အရေးပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းရန်၊ လူနည်းစုများနှင့် အားနည်းသော အုပ်စုများ၏ အခွင့်အရေး ချိုးဖောက်ခြင်းကို ရပ်တန့်ရန်၊ နိုင်ငံတကာတွင် စစ်အာဏာရှင်ဝါဒကျင့်သုံးရေးနှင့် ဗိုလ်ကျစိုးမိုးရေးကို စွန့်လွှတ်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံအား တရားမဝင်သော တစ်ဖက်သတ် အကျပ်ကိုင်မှုအားလုံးကို ရုတ်သိမ်းရန်၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး သူများနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုနှင့် ဒေသတွင်း တည်ငြိမ်ရေး ထိခိုက်စေမှုကို ရပ်တန့်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်ဘက်က အလေးထားပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အနောက်နိုင်ငံများ၏ အကြောင်းမဲ့ ပြစ်တင်ရှုတ်ချမှုကို တရုတ်ကိုယ်စားလှယ်က ချေပပြောဆို