ပိုအော်အာရှဖိုရမ် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် တရုတ်ပုံစံခေတ်မီရေးသည် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် ပုံစံသစ်ကို တင်ပြ

2023-03-31 21:16:08
အရင်းအမြစ်:国际在线

ပိုအော်အာရှဖိုရမ် ၂၀၂၃ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို ဟိုင်နန်ပြည်နယ် ပိုအော်၌ ကျင်းပနေပါသည်။ မတ်လ ၂၉ရက်နေ့က ကျင်းပခဲ့သော “တရုတ်ပုံစံခေတ်မီရေး” ဖိုရမ်ခွဲတွင် တက်ရောက်သူများက တရုတ်ပုံစံခေတ်မီရေးကိုတင်ပြပြီးသည့်နောက်ပိုင်း တရုတ်ပြည်တွင်းပြည်ပ၌ အာရုံစူးစိုက်နေသော ဆောင်ပုဒ်တစ်ခုဖြစ်လာကာ ကမ္ဘာအတွက် ဖွံ့ဖြိုးရေးပုံစံသစ်တစ်မျိုးကို တင်ပြပေးကြောင်း ပြောကြားကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ပိုအော်အာရှဖိုရမ်ကောင်စီဝင်၊ ဖိလစ်ပိုင်သမ္မတဟောင်း Arroyo က မိမိတို့အနေနှင့် တရုတ်နိုင်ငံ၏ ရှင်သန်ဖွံ့ဖြိုးလာခြင်းကို ခြိမ်းခြောက်မှုမဟုတ်ဘဲ အခွင့်ကောင်းတစ်ခုအဖြစ် သဘောထားသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကျောက်ဆူးတစ်ခုလိုဖြစ်ပြီး ဒေသတွင်း ဆက်ဆံရေးတစ်ရပ်လုံး တည်ငြိမ်စေနိုင်သည်ကို မိမိတို့ မြင်တွေ့ရကြောင်း၊ ထို့ကြောင့် အချင်းပွားမှုကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းသည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပိုအော်အာရှဖိုရမ် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် တရုတ်ပုံစံခေတ်မီရေးသည် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် ပုံစံသစ်ကို တင်ပြ