ထိုင်ဝမ်ကျွန်းပတ်လည် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်သီးခြားတည်ရှိရေး ခွဲထွက်ရေး အင်အားနှင့် ပြင်ပအင်အား၏ ပူးပေါင်းရန်စမှုအပေါ် ပြင်းထန်စွာ သတိပေး

2023-04-11 15:44:50
အရင်းအမြစ်:国际在线

ဧပြီလ ၁၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုအကြိမ် ထိုင်ဝမ်ကျွန်း ပတ်လည် ရဲကင်းလှည့်မှုနှင့် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်သီးခြားတည်ရှိရေး ခွဲထွက်ရေးအင်အားနှင့် ပြင်ပအင်အား၏ ပူးပေါင်းရန်စမှုအပေါ် ပြင်းထန်စွာ သတိပေးချက် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်သော လှုပ်ရှားမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က Tsai Ing-wenသည် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၎င်းမှာ အမေရိကန်-ထိုင်ဝမ် အချိတ်အဆက်ပြုခြင်းသည် ပြင်းထန်သည့် မှားယွင်းသော လုပ်ရပ် ဖြစ်သည်၊ တရုတ်နိုင်ငံအနေဖြင့် ပြတ်သားထိရောက်သော လုပ်ဆောင်မှုဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်သည်ဟု ပြောပြားခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

ထိုင်ဝမ်ကျွန်းပတ်လည် စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်သီးခြားတည်ရှိရေး ခွဲထွက်ရေး အင်အားနှင့် ပြင်ပအင်အား၏ ပူးပေါင်းရန်စမှုအပေါ် ပြင်းထန်စွာ သတိပေး