အနောက်နိုင်ငံများက “အိန္ဒိယလူဦးရေဟာ တရုတ်ပြည်ကို ကျော်လွန်တော့မယ်” ဆိုသည့် သတင်းဖြန့်တာ မသမာ ရည်ရွယ်ချက် ရှိပါတယ်

2023-04-21 13:31:41
အရင်းအမြစ်:国际在线

ဒီလ ၁၉ ရက်နေ့က ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေ အခြေအနေ အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ ဒီနှစ် နှစ်လယ်ပိုင်းမှာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး အိန္ဒိယက ကမ္ဘာ့ လူဦးရေ အများဆုံးသော နိုင်ငံ ဖြစ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံများရဲ့ မီဒီယာတွေမှာ တော့ “ကမ္ဘာကြီးရဲ့ ဗဟိုချက်မ နေရာရွှေ့ပြောင်းမယ်၊” “နိုင်ငံတကာ အစီအစဉ်ဟာ ပြောင်းလဲမှုကြီး ဖြစ်ပွားမယ်၊” “လူဦးရေဆိုင်ရာ အားသာချက် ဆုံးရှုံးမှုကြောင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ဖော်ဆောင်ဖို့ ပိုမို ခက်ခဲသွားမယ်” စတာတွေ သတင်းဖြန့်ခဲ့ကြပါတယ်။ ခြုံပြီးပြောရင် “တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဒုက္ခကြီးနဲ့ ကြုံတွေ့တော့မယ်”လို့ ဆိုချင်တာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာကို ခန့်မှန်းတာ လူဦးရေ အတိုင်းအတာကိုသာ ကြည့်လို့မရဘဲ စီးပွားရေး တိုးတက်မှုရဲ့ အရည်အသွေးကို ကြည့်ရပါတယ်။ ဒီနှစ် ပထမ သုံးလပတ်အတွင်း တရုတ်ပြည် စီးပွားရေး တိုးတက်မှုနှုန်းဟာ ၄ .၅ ရာခိုင်နှုန်း ရှိပြီး ခန့်မှန်းထားတာထက် များစွာ ပိုကောင်းပါတယ်။ အဲဒါဟာ တရုတ်ပြည် စီးပွားရေး တိုးတက်မှုရဲ့ အရည်အသွေး ခိုင်ခံ့ကြောင်းကို သက်သေပြနေပါတယ်။

လူဦးရေဆိုင်ရာ အားသာချက်နဲ့ ပတ်သက်ပြီး လူဦးရေ စုစုပေါင်း အတိုင်းအတာကိုသာ ကြည့်လို့ မရဘဲ လူတော်လူကောင်း လူရည်ချွန်ဦးရေ အချိုးအစားကိုလည်း ကြည့်ရပါတယ်။ ယခု တရုတ်နိုင်ငံမှာ လုပ်သား သန်း ၉၀၀ လောက် ရှိပြီး နှစ်စဉ် အသစ်တိုးလာသော လုပ်သားဦးရေ ၁၅ သန်း ရှိကာ လူ့စွမ်းအား အရင်းအမြစ် ပေါကြွယ်များပြားခြင်းဟာ တရုတ်ပြည်ရဲ့ ထင်ရှားတဲ့ အားသာချက်တစ်ရပ် ဖြစ်ပါသေးတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ တရုတ်နိုင်ငံမှာ တက္ကသိုလ်ကောလိပ်ကျောင်းများမှ ဘွဲ့ရသူ ဦးရေဟာ သန်း ၂၄၀ ကျော် ရှိပြီး အသစ်တိုးလာသော လုပ်သားများရဲ့ ပျမ်းမျှပညာသင်ယူမှုသက်တမ်းဟာ ၁၄ နှစ် ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ လူဦးရေဆိုင်ရာ အားသာချက် ဆုံးရှုံးခြင်း မရှိဘဲ လူရည်ချွန်ဦးရေဆိုင်ရာ အားသာချက် ဖြစ်တည်နေဆဲ ဖြစ်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အားကောင်းနေဆဲ ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

အနောက်နိုင်ငံများက “အိန္ဒိယလူဦးရေဟာ တရုတ်ပြည်ကို ကျော်လွန်တော့မယ်” ဆိုသည့် သတင်းဖြန့်တာ မသမာ ရည်ရွယ်ချက် ရှိပါတယ်