တရုတ်ပြည်သို့ ရင်းနှီးမြှုပ်နှံရေးသည် ပိုမိုများပြားသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဘုံသဘောတူညီချက် ဖြစ်လာ

2023-04-23 19:43:53
အရင်းအမြစ်:国际在线

မကြာခင်က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် စာရင်းအရ ယခုနှစ် ပထမ ၃လပတ်တွင် တစ်ပြည်လုံး ဆွဲဆောင်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ တရုတ် ယွမ်ငွေ ၄၀၈့၄၅ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄့၉ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းအနက် အသစ်တည်ထောင်ခဲ့သော နိုင်ငံခြားလုပ်ငန်း ကုမ္ပဏီအရေအတွက်မှာ ၁သောင်းကျော် ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၅့၅ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။ လက်ရှိအချိန် တစ်ကမ္ဘာလုံးတွင် စီးပွားရေး ဆက်တိုက် အားနည်းပြီး ပထဝီဝင် နိုင်ငံရေး အခြေအနေ ရှုပ်ထွေးကာ ကမ္ဘာသည် မရေမရာ ဖြစ်မှုများစွာကို ရင်ဆိုင်နေရပါသည်။ ယင်းသို့သော အခြေအနေမျိုးတွင် တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး၌ ၎င်းအောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းသည် မလွယ်ကူပါ။

ယခုနှစ်တွင် တရုတ်ပြည် ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ထိန်းညှိပြီး နိုင်ငံ ဖြတ်ကျော် သွားလာမှု ပိုမို အဆင်ပြေလာသည်နှင့်အမျှ နိုင်ငံခြား ကုမ္ပဏီများ၏ တရုတ်ပြည်သို့ ရင်းနှီးမြှုပ်နှံရေး ဆန္ဒကို တိုးပွားစေပါသည်။ တရုတ် တောင်ပိုင်းရှိ အမေရိကန် ကုန်သည်များ အသင်းမှ ထုတ်ပြန်ခဲ့သော “၂၀၂၃ခုနှစ် တရုတ်ပြည်၏ စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှု ပတ်ဝန်းကျင် စက္ကူဖြူ စာတမ်း”အရ သက်ဆိုင်ရာ စစ်တမ်း၌ ပါဝင်ကြသော ကုမ္ပဏီ ရာခိုင်နှုန်း ၉၀ကျော်က တရုတ်ပြည်ကို အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် သဘောထားကြကြောင်း ဖော်ပြပြီး ၇၅ ရာခိုင်နှုန်းတို့က ယခုနှစ်တွင် တရုတ်ပြည်၌ ဆက်လက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ဖော်ပြသည်ဟု သိရပါသည်။

မကြာခင် နှစ်များတွင် တရုတ်ပြည်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးပမာဏသည် ဆက်တိုက် တိုးပွားလာပြီး အရည်အသွေးလည်း တိုးမြင့်လာပါသည်။ ယခုနှစ် ပထမ ၃လပတ်တွင် အဆင့်မြင့် နည်းပညာ လုပ်ငန်း ကုမ္ပဏီများ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုခြင်း ပမာဏမှာ ယွမ်ငွေ ၁၅၆့၇၁ ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၈ရာခိုင်နှုန်း တိုးလာပါသည်။ တရုတ်ပြည်၏ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေး မဟာဗျူဟာကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်လာသည်နှင့်အမျှ သုတေသနပြု ဖော်ထုတ်ရေးသည် တရုတ်ပြည်ရှိ နိုင်ငံခြား ကုမ္ပဏီများ၏ အရေးကြီး ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာ ဖြစ်လာပါသည်။

တစ်ချိန်တည်းတွင် တံခါးဖွင့်သော တရုတ်ပြည်သည် ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့် ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ်များကို အတူမျှဝေလိုပြီး ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ် တိုးပွားစေရန် အတူ ကြိုးပမ်းလိုပါသည်။ တရုတ်ပြည်ရှိ နိုင်ငံခြား ကုမ္ပဏီများအား သုတေသနပြု ဖော်ထုတ်ရေးစင်တာ တည်ထောင်ရန် အားပေးခြင်း၊ “တရုတ်ပြည်သို့ ရင်းနှီးမြှုပ်နှံရေးနှစ်” လှုပ်ရှားမှုများ ကျင်းပခြင်း၊ တတိယ အကြိမ် တရုတ်ပြည် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲနှင့် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ ကျင်းပခြင်း စသည်များဖြင့် တရုတ်ပြည်သည် တရုတ်ပြည်၏ ဈေးကွက်ကြီး အခွင့်အလမ်းနှင့် တံခါးဖွင့်မှု အခွင့်အလမ်းများကို အတူမျှဝေရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို နက်ရှိုင်းစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အားပေးပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည်လည်း လက်တွေ့ဆောင်ရွက်မှုများဖြင့် တရုတ်ပြည်အပေါ် ၎င်းတို့၏ အကောင်းဘက်မှ မြင်နေခြင်းကို ဖော်ပြနေပါသည်။ တရုတ်ပြည်သို့ ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်ကို ရင်းနှီးမြှုပ်နှံရာ ကျရောက်ကြောင်း ၎င်းတို့ နက်နက်နဲနဲ သိရှိနားလည်ကြခြင်းကြောင့် ဖြစ်ပါသည်။

တရုတ်ပြည်သို့ ရင်းနှီးမြှုပ်နှံရေးသည် ပိုမိုများပြားသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဘုံသဘောတူညီချက် ဖြစ်လာ