ဘယ်သူကနိုင်ငံတကာစည်းမျဉ်းစည်းကမ်းကိုဖျက်ဆီးနေတာလဲ

2023-05-15 19:11:10
အရင်းအမြစ်:国际在线

မကြာခင်ကမီဒီယာများမှာဂျပန်နိုင်ငံတွင်ကျင်းပတော့မယ့် ဂျီ-၇ ထိပ်သီးအစည်းအဝေးအတွင်းတရုတ်နိုင်ငံအားနိုင်ငံတကာစည်းမျဉ်းစည်းကမ်းကိုလိုက်နာဖို့ တောင်းဆိုမယ်လို့ ဖေါ်ပြထားခဲ့သည်။ ဒီတော့ လူအတော်များများကသူတို့ ပြောတဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းဆိုတာဘာစည်းမျဉ်းစည်းကမ်းဖြစ်တာလဲ။ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းလိုက်နာတာသိပ်ဆိုးတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံများကတရုတ်နိုင်ငံအားအပြစ်တင်ဖို့ အရည်အချင်းရှိနိုင်ပါ့မလားလို့ မေးခွန်းအသီးသီးထုတ်ကြပါတယ်။

နိုင်ငံတကာစည်းမျဉ်းစည်းကမ်းအကြောင်းပြောမိတော့ ကမ္ဘာပေါ်မှာစည်းမျဉ်းစည်းကမ်းတစ်စုံသာရှိပြီးအဲဒါကတော့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်ရဲ့ ရည်မှန်းချက်နဲ့မူကိုအခြေခံထားတဲ့ နိုင်ငံတကာဆက်ဆံရေးအခြေခံမူပဲဖြစ်တယ် ဆိုတာလူတိုင်းသိပါတယ်။ ဒါပေမယ့် အမေရိကန်ကကိုယ်စားပြုတဲ့ အနောက်နိုင်ငံအနည်းစုကတော့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါနိုင်ငံတကာစည်းမျဉ်းစည်းကမ်းဆိုတာကိုပြောတာအလွန် ရှားပါးပါတယ်။ သူတို့ ပြောတာအများဆုံးကတော့ “ဥပဒေသအပေါ် မူတည်တဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း” ဆိုတာဖြစ်ပါတယ်။ အဲဒီအဓိပ္ပါယ် မထင်မရှားမရေမရာဖြစ်တဲ့ ဝေါဟာရဟာကုလသမဂ္ဂပဋေညာဉ်စာချုပ်မှာရောကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များမှာပါ လုံးဝမရှိပါဘူး။

ကျွမ်းကျင်ပညာရှင်များကအနောက်နိုင်ငံများအသုံးပြုနေတဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းဆိုတာဟာအမှန်တော့ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်ဖို့၊ နိုင်ငံတကာမှာမတည်မငြိမ်မှုများကိုဖန်တီးဖို့၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကိုပြုလုပ်ဖို့အတွက် ဖြစ်တဲ့ ကိရိယာတစ်ခုဖြစ်ပြီးနိုင်ငံတကာမိသားစုကြီးရဲ့ ဘုံအကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးတာမဟုတ်ဘဲအမေရိကန် အပါအဝင် နိုင်ငံအနည်းစုရဲ့ အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးတာဖြစ်တယ်လို့ ထောက်ပြထားကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖေါ်ပြထားပါတယ်။

ဘယ်သူကနိုင်ငံတကာစည်းမျဉ်းစည်းကမ်းကိုဖျက်ဆီးနေတာလဲ