တရုတ်နှင့် အလယ်အာရှ နီးကပ်သောဆက်ဆံရေးတည်ဆောက်ရန် သမိုင်းဝင်ထိပ်သီးအစည်းအဝေးအတွက် အသင့်ဖြစ်နေ

2023-05-17 21:21:46
အရင်းအမြစ်:新华社

သမိုင်းဝင်ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများအနေဖြင့် ကံကြမ္မာအကျိုးတူ နီးကပ်သောအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်နှင့် တည်ငြိမ်မှုမရှိသော ကမ္ဘာကြီးတွင် စည်းလုံးမှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းစကား ပေးပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် မေ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အဆိုပါ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ယင်းထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် အလယ်အာရှ နိုင်ငံများမှ ခေါင်းဆောင်များအကြား ပထမဆုံး လူကိုယ်တိုင်တက်ရောက်သည့် ထိပ်သီးအစည်းအဝေးဖြစ်ကြောင်း သိရသည်။ အစည်းအဝေး၌ တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်မှုအတွက် စီမံကိန်းအသစ်များ ရေးဆွဲနိုင်မည်ဟု မျှော်မှန်းထားသည်။

ထို့ပြင် ထိပ်သီးအစည်းအဝေးက တရုတ်နိုင်ငံနှင့် အလယ်အာရှဒေသနိုင်ငံများကြား အဆင့်မြင့်ချိတ်ဆက်ဆောင်ရွက်မှုများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှုများ၌ နောက်ဆုံး အထင်ကရလည်းဖြစ်သည်။ (Xinhua)

တရုတ်နှင့် အလယ်အာရှ နီးကပ်သောဆက်ဆံရေးတည်ဆောက်ရန် သမိုင်းဝင်ထိပ်သီးအစည်းအဝေးအတွက် အသင့်ဖြစ်နေ