အနောက်နိုင်ငံများသည် လူ့အခွင့်အရေး၏ ဒိုင်လူကြီး မဟုတ်

2023-06-16 23:09:05
အရင်းအမြစ်:国际在线

ယခုလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲရေး အဆင့်မြင့်ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ပြီး လုံခြုံရေးဖြင့် လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူ့အခွင့်အရေးကိုမြှင့်တင်ရေးတို့ကို တိုက်တွန်းပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်များကို လက်တွေ့ကျ ဖော်ဆောင်ရမည် ဖြစ် ကြောင်းလည်း ဖော်ပြထားပါသည်။

ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်နေသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဧည့်သည်တော်များ သည် အသက်ရှင်နေထိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးသည် အဓိကကျသော အခွင့်အရေး ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သဘောတူ ယူဆကြပါသည်။

လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ခြင်းသည် လူသားများ၏ ဘုံဆန္ဒ ဖြစ်ပြီး လူ့အခွင့်အရေးကိစ္စကို လက်နက် အဖြစ်၊ နိုင်ငံရေးကိစ္စဖြစ်အောင် အသုံးမပြုသင့်ပေ။ သို့သော် အနောက်နိုင်ငံအချို့က တစ်ဖက်၌ ကိုယ့်ပြည်တွင်းမှာ ဆိုးသွမ်းသော လူ့ အခွင့်အရေး အခြေအနေကို မမြင်ချင်ယောင်ဆောင်ပြီး တစ်ဖက်၌ လူ့အခွင့်အရေးကို အကြောင်းပြချက်အဖြစ်ထားပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ကာ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဟန့်တားနေခဲ့ပါသည်။

မည်သည့်နိုင်ငံမဆို လူ့အခွင့်အရေး၏ ဒိုင်လူကြီး မဟုတ်ပေ။ နိုင်ငံ အသီးသီးတို့ အနေနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ကိုယ်တိုင် ရွေးချယ်ရန် အခွင့် အရေး ရှိပါသည်။ နိုင်ငံအသီးသီးမှ ပြည်သူများ၏ နေထိုင်မှုဘဝ ကောင်းမွန်လာမှသာ စည်ပင်သာယာရေး ကြာမြင့်နိုင်ပြီး လုံခြုံရေး အာမခံ ရှိနိုင်မည် ဖြစ်ကာ လူ့အခွင့်အရေးသည်လည်း အာမခံချက် ရှိနိုင်မည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။ 

အနောက်နိုင်ငံများသည် လူ့အခွင့်အရေး၏ ဒိုင်လူကြီး မဟုတ်