နီပေါနိုင်ငံ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ Timilsina က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို သင်ယူရန် နီပေါမှ မျှော်လင့်ဟု ဆို
တရုတ်နိုင်ငံတွင် ခရီးလှည့်လည်နေသော နီပေါနိုင်ငံ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ Timilsina သည် မကြာမီက China Media Group မှ သတင်းထောက်၏ သီးသန့် အင်တာဗျူးကို လက်ခံခဲ့ရာ၌ တရုတ်နိုင်ငံသည် ၎င်း၏ ထူးခြားသော ခေတ်မီရေးပုံစံဖြင့် ရှေ့သို့ ချီတက်နေလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးလမ်ကြောင်းနှင့် တိုးတက်မှု ပုံစံများသည် နီပေါနိုင်ငံအား အကိုးအကားများပေးပြီး၊ နီပေါအနေနှင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို ပိုမိုများပြားစွာ သင်ယူလေ့လာရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ ပါသည်။
နီပေါနှင့် တရုတ်နိုင်ငံတို့သည် ခရီးသွားလာမှု၊ ယဉ်ကျေးမှု၊ ပညာတော်သင်များ ဖလှယ်ရေး စသည့်နယ်ပယ်များ၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တက် အားဖြည့်ဆောင်ရွက်ပြီး၊ အရပ်ဘက်မှလည်း ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှုများကို မြှင့်တင်ရန် မျှော်လင့်ပါကြောင်း Timilsina က အလေးထား ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။