'ဆူညံသံ'များသည် တရုတ်နှင့် ဥရောပတို့ ချိတ်ဆက်မှု ဖြတ်တောင်ခြင်း မပြုလုပ်ရန် သဘောတူညီမှုကို ဟန့်တားနိုင်မည် မဟုတ်

2023-06-26 18:15:48
အရင်းအမြစ်:国际在线

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဂျာမနီနှင့် ပြင်သစ် ခရီးစဉ် ပြီးဆုံးပြီ ဖြစ်၍ ယခုလ ၂၄ ရက်နေ့တွင် ဘေကျင်းသို့ ပြန်လာခဲ့ပါသည်။ လွန်ခဲ့သည့် သီတင်းပတ်တစ်ပတ်အတွင်း လီချန်သည် ဂျာမနီနှင့် ပြင်သစ် နှစ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ကမ္ဘာကြီးအတွက် အန္တရာယ် မဟုတ်ဘဲ အခွင့်အလမ်းများ ဆောင်ကြဉ်းပေးလာမည်သာ ဖြစ်ကြောင်း အလေးအနက် ပြောကြား ခဲ့သည်။ ဂျာမနီနှင့် ပြင်သစ် နှစ်နိုင်ငံ ခေါင်းဆောင်တို့က တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှု ဖြတ်တောက် ခြင်းကို ဆန့်ကျင်ကြောင်း သို့မဟုတ် မထောက်ခံကြောင်း၊ မည်သည့်အသွင်ပုံစံမဆို ဖြစ်သည့် ထိပ်တိုက်ရင်ဆိုင်မှုကို ဆန့်ကျင်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ကြပါသည်။ ရှုပ်ထွေးပွေလီ ဖြစ်နေသည့် ကမ္ဘာ့အခြေအနေတွင် တရုတ်နှင့် ဥရောပတို့ ချိတ်ဆက်မှု ဖြတ်တောင်မှု မပြုလုပ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းသည် ကမ္ဘာကြီးအား ပိုမိုများပြားသော သေချာရေရာမှုများကို ထည့်သွင်း ပေးနေပါသည်။

လက်ရှိအချိန်တွင် ဥရောပ အတွင်းပိုင်းမှာ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မတူညီသော 'ဆူညံသံ'တွေ ရှိနေပါသည်။ ယင်းတို့တွင် ကြာရှည်သည့် ကာလ အတွင်း တည်ရှိခဲ့သည့် အတွေးအခေါ်ဆိုင်ရာ အကြောင်းရင်းတွေ ရှိသည့်အပြင် ပြင်ပမှ အင်အားစုများက ဗိုလ်ကျစိုးမိုးမှုကို ထိန်းသိမ်းကာကွယ်ရန် နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် အကြောင်းရင်းလည်း ရှိပါသည်။ ယခုအကြိမ် ဥရောပ ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ်က တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို ထောက်ခံကြောင်း၊ တရုတ်နှင့် ဥရောပ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကောင်းမွန်ကြောင်း စသည့် အပြုသဘောဆောင်သော အချက်တွေပြခဲ့ပါသည်။ ယင်းသည် အထက်ပါ 'ဆူညံသံ'တွေကို ထိရောက်စွာ လျော့နည်းလာစေပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ 'အပြုသဘောပါသည့် အသံ'တွေ တိုးလာကာ ဥရောပနိုင်ငံခေါင်းဆောင်များ၏ တက်ကြွစွာ တုံ့ပြန်မှုကို ရရှိခဲ့ပါသည်။ တရုတ်နှင့် ဥရောပတို့သည် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ တိုးမြှင့်နေပြီး ချိတ်ဆက်မှု ဖြတ်တောက်ခြင်းဆိုင်ရာ 'ဆူညံသံ'ကို 'No' အဖြေ ပေးနေသည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။

'ဆူညံသံ'များသည် တရုတ်နှင့် ဥရောပတို့ ချိတ်ဆက်မှု ဖြတ်တောင်ခြင်း မပြုလုပ်ရန် သဘောတူညီမှုကို ဟန့်တားနိုင်မည် မဟုတ်