စစ်မှန်သော ရှင်းကျန်းက ဘယ်လုံပုံ ဖြစ်သလဲ ဆိုတာ အဲဒီ ဂျပန် ခရီးသွားများ ပြောတာကို နားထောင်ကြစို့

2023-06-29 19:49:39
အရင်းအမြစ်:国际在线

မကြာခင်က တရုတ်နိုင်ငံဆိုင်ရာ ဂျပန် သံရုံးက ဂျပန် လူမျိုးများ တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ခရီးလှည့်လည်ဖို့ ဖိတ်ခေါ်မှု ပြုလုပ်ကာ ဂျပန် လူမျိုး အမြောက်အမြားက နာမည်သွင်းပြီး ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ရှင်းကျန်း ခရီးသွား အဖွဲ့ထဲမှာ အသက် ၇၀၊ ၈၀ ကျော် ဘိုးဘိုးဘွားဘွားတွေ၊ မူလတန်း ကျောင်းသားကျောင်းသူတွေ၊ ရုံးတက်နေတဲ့ ဝန်ထမ်းတွေနဲ့ ပင်စင်ယူသူတွေ ပါဝင်ပါတယ်။

သူတို့ဟာ ရှင်းကျန်းရှိ ကုမ္ပဏီစက်ရုံများ၊ ရှုခင်းသာနေရာများ၊ ရှေးဟောင်းမြို့များ၊ လူနေရပ်ကွက်များ စတဲ့နေရာများကို လည်ပတ်ကြည့်ရှုခဲ့ကြပါတယ်။ စံချိန်မြင့် ဝါဂွမ်းစိုက်မြေကို ကြည့်ရှုတဲ့အခါ စိုက်မြေ တရုတ်ဧက ၃၀၀ ကျော်မှာ မျိုးစေ့ချတာ နှစ်ရက်ပဲ လိုပြီး ဒရုန်းနဲ့ ပိုးသတ်ဆေး ဖျန်းတာ ငါးနာရီပဲ လိုအပ်တာကို သိရပြီးနောက် ဂျပန် ခရီးသွားများက အဲဒါဟာ ဂျပန် မီဒီယာမှာ သတင်းဖြန့်နေတဲ့ "အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း" ဆိုတာနဲ့ လုံးဝ မတူဘူးလို့ ပြောကြတယ်။ ရက်ကန်စက်ရုံမှာ အော်တိုမက်တစ် စက်ကိရိယာများနဲ့ အေးအေးဆေးဆေး စက်တွေထိန်းချုပ်ပြီး အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို မြင်တွေ့တော့ ဂျပန် ခရီးသွားများက ဂျပန်မီဒီယာမှာ သတင်းဖြန့်နေတဲ့ ရှင်းကျန်း လူ့အခွင့်အရေး ပြဿနာ ဆိုတာ စစ်မှန်သလားလို့ မေးခွန်း ထုတ်ကြပြီး သူတို့ ကိုယ်တိုင် မြင်တွေ့တာတွေကို ဆိုရှယ်မီဒီယာမှာတင်ပြီး ပိုမိုများပြားတဲ့လူတွေ စစ်မှန်သော ရှင်းကျန်းကို နားလည်သိရှိစေရမယ်လို့ အသီးသီး ပြောကြပါတယ်။

အဲဒီ ဂျပန်ခရီးသွားတွေဟာ ရှင်းကျန်း ဒေသခံ ပြည်သူလူထုများနဲ့အတူ နံနက်ခင်း ကျန်းမာရေး လေ့ကျင့်ကြတယ်၊ လက်ထပ်ပွဲကို တက်ရောက် ပါဝင်ကြတယ်၊ အတူတူ သီချင်းဆို အကကကြတယ်၊ ဒေသခံပြည်သူများရဲ့ နေ့စဉ် နေထိုင်မှုဘဝကို ထိတွေ့ ခံစားကြပါတယ်။ သူတို့ဟာ ဆိုရှယ်မီဒီယာများမှာ သူတို့ ကိုယ်တိုင်မြင်တွေ့ ခံစားတာတွေကို မျှဝေပေးပြီး ရှင်းကျန်းဟာ ဂျပန်နဲ့ အနောက်မီဒီယာ တစ်ချို့မှာ ဖော်ပြထားတာနဲ့ လုံးဝ မတူဘူးလို့ အသီးသီး ရေးသားထားကြပါတယ်။

ပိုမိုများပြားသော နိုင်ငံခြားမိတ်ဆွေများ ရှင်းကျန်းကို လာရောက်လည်ပတ်ကြည့်ရှုရန် ကြိုဆိုပါတယ်။ အဲဒီ သာယာလှပ အေးချမ်းသင့်မြတ်တဲ့ ရှင်းကျန်းမှသာ စစ်မှန်တဲ့ ရှင်းကျန်းပါပဲလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

စစ်မှန်သော ရှင်းကျန်းက ဘယ်လုံပုံ ဖြစ်သလဲ ဆိုတာ အဲဒီ ဂျပန် ခရီးသွားများ ပြောတာကို နားထောင်ကြစို့