တရုတ်ပြည်တွင် မြင်တွေ့ရမှုများသည် ဆိုရှယ်လစ်ဝါဒက စိတ်ကူးယဉ်လောက အယူအဆ တစ်ခု မဟုတ်ဟု မိမိအား နက်နဲစွာ ခံစားသိရှိနားလည်စေကြောင်း တရုတ် ဆိုင်ရာ မွန်ဂိုးလီးယား သံအမတ်ကြီးဆို

2023-06-30 18:55:24
အရင်းအမြစ်:国际在线

မကြာခင်က တရုတ်ပြည် ဆိုင်ရာ မွန်ဂိုးလီးယား နိုင်ငံ သံအမတ်ကြီး Tuvshin Badralသည် ဘေကျင်းတွင် China Media Groupမှ သတင်းထောက်၏ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါသည်။ သံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့သည့် ၃နှစ်ကျော် အတွင်း Tuvshin Badralသည် တရုတ် ပြည်နယ်နှင့်မြို့များသို့ သွားရောက် လည်ပတ်ကြည့်ရှုခဲ့ပါသည်။ ယင်းပြည်နယ်နှင့် မြို့များတွင် ရှန်ဟိုင်း၊ ကျဲ့ကျန်းစသည့် ဖွံ့ဖြိုးပြီး ဒေသများ ပါဝင်ပြီး ရှီဇန့်(တိဘက်)နှင့် ကွေ့ကျိုးစသည့် အတန်ငယ် ခေတ်နောက်ကျသည့် ဒေသများလည်း ပါဝင်ပါသည်။ ၄င်းက တရုတ်ပြည်တွင် မြင်တွေ့ရမှုများသည် ဆိုရှယ်လစ်ဝါဒက စိတ်ကူးယဉ်လောက အယူအဆ တစ်ခု မဟုတ်ဟု မိမိ နက်နဲစွာ ခံစားသိရှိနားလည်စေကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လမ်းကြောင်းသည် လူအများအား ယုံကြည်လက်ခံစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင်၊ သံအမတ်ကြီး Tuvshin Badral က လက်ရှိတွင် မွန်ဂိုးလီးယား-တရုတ် ဆက်ဆံမှုသည် သမိုင်းကြောင်း၌ အကောင်းဆုံး အချိန်ကာလတွင် ရှိနေကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ကြံဆချက်နှင့် အောင်မြင်မှုများသည် မွန်ဂိုးလီးယား နိုင်ငံ အတွက် အသိဉာဏ် ဖွင့်ပေးမှုနှင့် အခွင့်အလမ်းများကို ပံ့ပိုးပေးနေကြောင်း၊ မွန်ဂိုးလီးယား နိုင်ငံသည် တရုတ်ပြည်၏ အောင်မြင်သော အတွေ့အကြုံများကို အတုယူ လေ့လာပြီး Belt and Road အဆိုပြုချက်နှင့် “မြက်ခင်းပြင် လမ်းကြောင်း” အဆိုပြုချက် အကြား ချိတ်ဆက်မှုကို နက်ရှိုင်းစေကာ “တရုတ်-ရုရှား-မွန်ဂိုးလီးယား စီးပွားရေး စင်္ကြံ” တည်ဆောက်မှုကို ထိရောက်စွာ တွန်းအားပေး၍ မွန်ဂိုးလီးယား-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ်ကို နှစ်နိုင်ငံ ပြည်သူများ၏ စိတ်နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်စေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်ပြည်တွင် မြင်တွေ့ရမှုများသည် ဆိုရှယ်လစ်ဝါဒက စိတ်ကူးယဉ်လောက အယူအဆ တစ်ခု မဟုတ်ဟု မိမိအား နက်နဲစွာ ခံစားသိရှိနားလည်စေကြောင်း တရုတ် ဆိုင်ရာ မွန်ဂိုးလီးယား သံအမတ်ကြီးဆို