ဂျပန်ရဲ့ နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရေး အစီအစဉ် အပေါ် လူအများက စိုးရမ်ပူပန်နေကြပေမယ့် အနောက် နိုင်ငံ အချို့ကတော့ ဘာကြောင့် စိတ်ချ လက်ချ နေနိုင်ကြတာလဲ

2023-07-11 17:19:14
အရင်းအမြစ်:国际在线

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အဖွဲ့ IAEA က ဖူကူရှီးမားကျွန်း နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရေးဆိုင်ရာ အကဲဖြတ် အစီရင်ခံစာကို ထုတ်ပြန် ခဲ့ပြီးနောက် နိုင်ငံအမြောက်အမြားက ကန့်ကွက်ကြောင်းနဲ့ စိုးရိမ်ပူပန်ကြောင်းကို ဖော်ပြ ခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ‘ကြိုဆိုကြောင်း’ ဖော်ပြခဲ့ပြီး အနောက်နိုင်ငံအချို့မှ နိုင်ငံရေးသမားတို့ကလည်း ယင်းကိစ္စအပေါ် အခြေခံ အားဖြင့် ရေငုံနှုတ်ပိတ်နေကြပါတယ်။ ဒါနဲ့ အနောက် နိုင်ငံ အချို့က ဘာကြောင့် ဂျပန်ရဲ့ နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်း အပေါ် စိတ်ချလက်ချ နေနိုင်ကြတာလဲ။

Los Angeles Times မှ သတင်းအရ ပြီးခဲ့တဲ့ရာစု နှစ် ၄၀၊ ၅၀ ပြည့်နှစ်များ တုန်းက အမေရိကန်ဟာ Marshall ကျွန်းစုမှာ လက်ရှိအချိန်အထိ အားအကောင်းဆုံးသော နျူကလီးယားလက်နက် တစ်ခု ဖြစ်သည့် Castle Bravo ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲခဲ့ပြီး ဂျပန်နိုင်ငံ ဟီရိုရှီးမားကျွန်းမှာ ချခဲ့တဲ့ နျူကလီးယားဗုံး လုံးရေ ၁၀၀၀ နဲ့ ညီမျှကာ ဒေသခံများအား ပြင်းပြင်းထန်ထန် ဘေးအန္တရာယ် ဖြစ်စေခဲ့တယ်။ ဒါ့အပြင် အဲဒီတုန်းက အမေရိကန်ဟာ ပြည်တွင်း နေဗာဒါပြည်နယ်ရှိ နျူကလီးယား စမ်းသပ်ရေးစခန်းမှ နျူကလီးယား ညစ်ညမ်းမှု ခံရသော မြေဆီလွှာ တန်ချိန် ၁၃၀ ကျော်ကိုလည်း Marshall ကျွန်းစုသို့ ပို့ဆောင်ပြီး Marshall ကျွန်းစုပေါ်မှာ သွန်ပစ်ခဲ့ပါတယ်။ ဂျပန်ရဲ့ နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်တဲ့ အစီအစဉ်အပေါ် အမေရိကန်က ဘာဖြစ်လို့ တစ်လျှောက်လုံး လက်လွှတ်စပယ် ပြုလုပ်ခဲ့တာလဲ။ အကြောင်းကတော့ အမေရိကန် ကိုယ်တိုင်သည် ပင်လယ် နျူကလီးယား ညစ်ညမ်းမှု ပြုလုပ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်က နျူကလီးယား လုံခြုံမှုကို အကျိုးစီးပွား လဲလှယ်ရေးဆိုင်ရာ ‘ထိုးကြေး’အဖြစ်လည်း အသုံးပြုနေပါတယ်။ ၂၀၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယား မှုခင်း ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့ ဂျပန်တို့က ယင်းကို အခွင့်ကောင်း အဖြစ် ထားပြီး နှစ်ဖက် အကြား မဟာမိတ်ဆက်ဆံမှုကို တိုးမြှင့်ခဲ့တယ်။ ဂျပန်က နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရေးအတွက် အမေရိကန်မှ ထောက်ခံမှုကို ရရှိပြီး အမေရိကန်ကလည်း ဂျပန်မှာ စစ်ရေးစိုးမိုးမှုကို တိုးမြှင့်နိုင်ခဲ့ပါတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

ဂျပန်ရဲ့ နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရေး အစီအစဉ် အပေါ် လူအများက စိုးရမ်ပူပန်နေကြပေမယ့် အနောက် နိုင်ငံ အချို့ကတော့ ဘာကြောင့် စိတ်ချ လက်ချ နေနိုင်ကြတာလဲ