ဇင်အိုင်သန္တာကျောက်တန်းပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာ ချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ၏တုံ့ပြန်ဖြေဆိုမှု

2023-08-08 17:32:58
အရင်းအမြစ်:国际在线

မေး- ဖိလစ်ပိုင် ဘက်သည် ဇင်အိုင်သန္တာကျောက်တန်းတွင် ‘သောင်တင်’နေသော စစ်သင်္ဘောအတွက် အလှည့်ကျ ဝန်ထမ်းများနှင့် ထောက်ပံ့ပစ္စည်းများ ပို့ဆောင်သော သင်္ဘောများကို တရုတ်ပြည်ဘက်က တားဆီးပြီး ရေဗုံးဖြင့်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီးဒေသတွင်းငြိမ်းချမ်း ရေးနဲ့တည်ငြိမ်ရေးကိုခြိမ်းခြောက်ခဲ့ကြောင်း၊ အမေရိကန်ဘက်သည် ဖိလစ်ပိုင်၏ တရားဝင် ပင်လယ်ပြင်လှုပ်ရှားမှုကိုထောက်ခံပြီး ဖိလစ်ပိုင်ပင်လယ်ရဲတပ်အား တိုက်ခိုက်မှုသည် "အမေရိကန်-ဖိလစ်ပိုင် လက်တွဲ ကာကွယ်ရေး သဘောတူစာချုပ်"ကို ထိခိုက်နေကြောင်း မကြာမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြခဲ့သည်။ ၎င်းနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်က မည်သည့်သဘောထားရှိသနည်း။

ဖြေ- ဇင်အိုင်သန္တာကျောက်တန်းသည် တရုတ်နိုင်ငံနန်ဆားကျွန်းစု၏ အစိတ်အပိုင်း ဖြစ်သည်။ ဩဂုတ်လ ၅ ရက်နေ့က ဖိလစ်ပိုင်သည် တရုတ်နိုင်ငံမှထပ်ခါတလဲလဲ ဖျောင်းဖျတားမြစ်ခြင်းနှင့် သတိပေးခြင်းကို လျစ်လျူရှုပြီး သင်္ဘောနှစ်စင်းစေလွှတ်၍ ဇင်အိုင်သန္တာကျောက်တန်း ပင်လယ်ပြင်သို့ ဝင်ရောက်ခဲ့သည်။ ဖိလစ်ပိုင်၏ လုပ်ရပ်များသည် တရုတ်နိုင်ငံ၏အချုပ်အခြာ အာဏာကို ကျူးလွန်ပြီး တောင်ပင်လယ် ဘက်အသီးသီးတို့၏ လုပ်ဆောင်ချက် ကြေငြာစာတမ်းကို ချိုးဖောက်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အဖြစ်မှန်ကို လျစ်လျူရှုပြီး ကြေညာချက်ကို ထုတ်ပြန်၍ တရုတ်နိုင်ငံ၏ တရားမျှတပြီး တရားဝင် ဖြစ်သည့် ပင်လယ်ပြင်၌ အခွင့်အရေး ထိန်းသိမ်းရေးနှင့် ဥပဒေ ကျင့်သုံးရေး ဆောင်ရွက်ချက်ကို ထိုးနှက်ခဲ့သည်။ တရုတ်နိုင်ငံသည် ယင်းလုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ပါသည်။

ဇင်အိုင်သန္တာကျောက်တန်းပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာ ချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ၏တုံ့ပြန်ဖြေဆိုမှု