ဆော်ဒီအရေဗျနိုင်ငံ Jeddah၌ ယူကရိန်းပြဿနာဆိုင်ရာ နိုင်ငံတကာအစည်းအဝေးသို့ တရုတ်ဘက် တက်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ တုံ့ပြန်ဖြေဆိုမှု
ဆော်ဒီအရေဗျနိုင်ငံ Jeddah၌ ယူကရိန်းပြဿနာဆိုင်ရာ နိုင်ငံတကာအစည်းအဝေးသို့ တရုတ်ဘက် တက်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဩဂုတ်လ ၈ ရက်နေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ်လ ၅ ရက်နေ့က တရုတ် အစိုးရမှ ဥရောပ-အာရှရေးရာ အထူးကိုယ်စားလှယ် လီဟွေးသည် ဖိတ်ကြားချက်အရ ယူကရိန်းပြဿနာဆိုင်ရာ နိုင်ငံတကာအစည်းအဝေးသို့ တက်ရောက်ရန် ဆော်ဒီအရေဗျနိုင်ငံ Jeddahသို့ သွားရောက်ခဲ့ပြီး ဘက်အသီးသီးနှင့်အတူ ကျယ်ပြန့်စွာထိတွေ့ဆက်ဆံမှုနှင့် ကူးလူးဖလှယ်မှုကို ပြုလုပ်ခဲ့ကာ တရုတ်ဘက်၏ရပ်တည်ချက်နှင့် တိုက်တွန်းချက်ကို ဘက်စုံ ရှင်းလင်းဖော်ပြ၍ ဘက်အသီးသီးတို့၏ အကြံဉာဏ်ချက်များကို နားဆင်ပြီး ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး အတွက် သဘော တူညီချက် ရရှိရန်တွန်းအားပေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုကို တွန်းအားပေးရေး အတွက် တရုတ်ဘက်မှ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို ဘက် အသီးသီးတို့သည် အသိအမှတ်ပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။