တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိသည့်နိုင်ငံက ထိုင်ဝမ်နှင့် အစိုးရချင်း ကူးလူးဆက်ဆံမှု မှန်သမျှကို တရုတ်ပြည်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-08-15 18:12:15
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိသည့် နိုင်ငံက ထိုင်ဝမ်နှင့် အစိုးရချင်း ကူးလူးဆက်ဆံမှု မှန်သမျှကို တရုတ်ပြည်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ယခုလ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်တစ်ပတ်က ဘောလ်တစ်ပင်လယ် အနီးရှိ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့မှ လွှတ်တော်အမတ် ၃ ဦးသည် ထိုင်ဝမ်သို့ သွားရောက် ခရီးလှည့်လည်ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ဝမ်ဝင်ပင်က ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲမရသော တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထားရှိသည့် နိုင်ငံက ထိုင်ဝမ်နှင့် အစိုးရချင်း ကူးလူးဆက်ဆံမှု မှန်သမျှကို တရုတ်ပြည်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့် ¡¡ãတရုတ်ပြည် တစ်ပြည်တည်းသာရှိရေး¡¡Àမူကို ထိထိရောက်ရောက် လိုက်နာပြီး ထိုင်ဝမ် သီးခြား တည်ရှိရေး အင်အားစုအား မှားယွင်းသော အချက်မပြရန်နှင့် နှစ်ဖက်ဆက်ဆံမှု ပုံမှန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ထိန်းသိမ်းရန် တရုတ်ပြည်ဘက်က ပန်ကြားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိသည့်နိုင်ငံက ထိုင်ဝမ်နှင့် အစိုးရချင်း ကူးလူးဆက်ဆံမှု မှန်သမျှကို တရုတ်ပြည်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို