တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အရေးပါသော အင်ဂျင်တစ်ခု ဖြစ်နေဆဲဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို

2023-08-17 18:47:12
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု အနောက်နိုင်ငံ နိုင်ငံရေးသမား အချို့နှင့် မီဒီယာအချို့က မကြာသေးမီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အဆိုပါ ပြောဆိုချက်များသည် အဖြစ်မှန်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံစီးပွားရေးသည် ဆက်တိုက် ပြန်လည်ကောင်းမွန်လာပြီး အလုံးစုံ ပြန်လည်ဦးမော့လာမှုသည် အပြုသဘောဆောင်ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးသည့် အင်ဂျင်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ၁၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝမ်ဝင်ပင်က ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ GDP သည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် 5.5% တိုးတက်ခဲ့ပြီး ယမန်နှစ် တစ်နှစ်လုံး၏ စီးပွားရေး တိုးတက်မှုနှုန်း 3% ထက် သိသိသာသာ မြန်ဆန်လာကာ ကပ်ရောဂါဖြစ်ပွားသည့် ၃ နှစ် တွင် နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း 4.5% ထက်လည်း ပိုမိုမြန်ဆန်၍ အမေရိကန်၏တိုးတက်မှုနှုန်းထက် 3% ကျော်လွန်ခဲ့ကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သည် ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် နောက်ဆုံး "ကမ္ဘာ့စီးပွားရေးအလားအလာ အစီရင်ခံစာ" တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် 5.2% တိုးတက်မည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ၎င်း၏ ပံ့ပိုးကူညီမှုသည် သုံးပုံတစ်ပုံအထိ ရှိလာမည်ဟု ခန့်မှန်း ထားကြောင်း ဝမ်ဝင်ပင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အရေးပါသော အင်ဂျင်တစ်ခု ဖြစ်နေဆဲဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို