ဘာဖြစ်လို့ BRICS တံခါးထဲဝင်ချင်တဲ့နိုင်ငံတစ်နေ့ထက်တစ်နေ့ များလာနေတာလဲ

2023-08-22 18:53:05
အရင်းအမြစ်:国际在线

တောင်အာဖရိကနိုင်ငံဘက်မှ သတင်းအရလက်ရှိအချိန်မှာနိုင်ငံ ၄၀ ကျော်တို့က BRICS အဖွဲ့မှာပါဝင်ဖို့ မျှော်လင့်ကြောင်းဖော်ပြကြပြီးနိုင်ငံ ၂၀ ကျော်တို့ကတရားဝင် လျှောက်လွှာ တင်ထားပါပြီ။ တောင်အာဖရိကနိုင်ငံ BRICS ရေးရာအထူးသံတမန် စူကရာက China Media Groupမှ အင်တာဗျူးကိုလက်ခံဖြေကြားရာမှာနိုင်ငံတော်တော်များများက BRICS မိသားစုကြီးဝင် ဖြစ်လာဖို့ မျှော်လင့်ကြောင်း၊ အဲဒါဟာ BRICS နိုင်ငံများကနိုင်ငံတကာရေးရာများကိုကိုယ်တွယ်ဖြေရှင်းရေးဆိုင်ရာဦးဆောင်စွမ်းအားအပေါ် နိုင်ငံတကာမိသားစုကြီးရဲ့ ယုံကြည်စိတ်ကိုသက်သေပြနေကြောင်းထောက်ပြပြောဆိုခဲ့ပါတယ်။

BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးဖြစ်စဉ်မှာဖွံ့ဖြိုးတိုးတက်ရေးဟာအခြေခံအနက်ရှိုင်းဆုံးသောအကြောင်းအရာပဲဖြစ်ပါတယ်။ ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ စာရင်းအရ ၂၀၀၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ BRICS နိုင်ငံများရဲ့ တစ်ကမ္ဘာလုံးGDPထဲမှာအချိုးအစားဟာ 8.4% ကနေ 25.8%အထိ တိုးလာခဲ့တယ်။ တစ်ချိန်တည်းမှာ G7 ရဲ့ အချိုးအစားဟာ 64.6% ကနေ 42.9%အထိ ကျဆင်းခဲ့တယ်။ ဗြိတိန်နိုင်ငံ UK Oak Macro Consulting ကုမ္ပဏီမှ ဒီနှစ် မတ်လမှာထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ၂၀၂၂ ခုနှစ်မှာ BRICS နိုင်ငံများရဲ့ ကမ္ဘာ့စီးပွားရေးစုစုပေါင်းပမာဏထဲမှာအချိုးအစားဟာ G7 ထက် ကျော်လွန်ပါပြီ။

အမျိုးအစားသစ် ပူးပေါင်းဆောင်ရွက်ရေးစည်းစနစ် အဖြစ်နဲ့ BRICS အဖွဲ့ဟာကမ္ဘာတောင်ဘက်ခြမ်းနိုင်ငံများပူးပေါင်းဆောင်ရွက်မှုကိုဦးဆောင်ရေးနဲ့ နိုင်ငံတကာစီမံခန့်ခွဲမှုကိုတွန်းအားပေးရေးဆိုင်ရာအရေးကြီးတဲ့ အင်အားတစ်ခုဖြစ်လာပါပြီ။ BRICS တံခါးထဲဝင်ချင်တဲ့နိုင်ငံတစ်နေ့ထက်တစ်နေ့ များလာနေတယ်။ အဲဒါဟာ BRICS ပူးပေါင်းဆောင်ရွက်ရေးစည်းစနစ်ရဲ့ အားကောင်းတဲ့ သြဇာညောင်းမှုကိုပြသနေပြီး “တံခါးဖွင့်ခြင်း၊ သက်ညှာထောက်ထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူအကျိုးစီးပွားခံစားခြင်း”ဖြစ်တဲ့ BRICS စိတ်ဓာတ်ဟာခေတ်ရေစီးကြောင်းဖြစ်လာပြီဆိုတာကိုလည်းပြသနေပါတယ်လို့ China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖော်ပြထားပါတယ်

ဘာဖြစ်လို့ BRICS တံခါးထဲဝင်ချင်တဲ့နိုင်ငံတစ်နေ့ထက်တစ်နေ့ များလာနေတာလဲ