နျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့စတင်စွန့်ပစ်ရန်ဂျပန်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍တရုတ်ပြည်ဘက်သည်တည်ကြည်လေးနက်စွာအရေးဆိုခဲ့သည်ဟုဂျပန်နိုင်ငံဆိုင်ရာတရုတ်သံရုံးမှပြောရေးဆိုခွင့်ရှိသူဆို

2023-08-25 17:00:40
အရင်းအမြစ်:国际在线

ဩဂုတ်လ ၂၂ ရက်နေ့က ဂျပန်အစိုးရသည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပပြီး ယခုလ၂၄ ရက်နေ့မှာ ဖူကူရှီးမားနျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့စတင်စွန့်ပစ်ရန်ဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ထိုနေ့ကဂျပန်နိုင်ငံဆိုင်ရာတရုတ်သံရုံးမှပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပြောဆိုခဲ့သည်။

ဖူကူရှီးမားနျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့စွန့်ပစ်ခြင်းလုပ်ရပ်သည်အလွန်အမင်းကိုယ်ကျိုးဖက်ပြီး နျူကလီးယားညစ်ညမ်းမှုအန္တရာယ်ကိုတစ်ကမ္ဘာလုံးသို့ လွှဲချခြင်းဖြစ်ကာတရုတ်ပြည်ဘက်သည်ပြတ်ပြတ်သားသားဆန့်ကျင်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်၍ ဂျပန်ဘက်အားတည်ကြည်လေးနက်စွာအရေးဆိုပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံရုံးမှပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ ပါသည်။

နျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့စတင်စွန့်ပစ်ရန်ဂျပန်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍တရုတ်ပြည်ဘက်သည်တည်ကြည်လေးနက်စွာအရေးဆိုခဲ့သည်ဟုဂျပန်နိုင်ငံဆိုင်ရာတရုတ်သံရုံးမှပြောရေးဆိုခွင့်ရှိသူဆို