ဂျပန်မှ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဘက်စုံ ယာယီ ရပ်တန့်မည်ဟု တရုတ် အကောက်ခွန် ဌာနချုပ် ကြေညာ

2023-08-25 17:34:20
အရင်းအမြစ်:国际在线

ယခုလ ၂၄ ရက်နေ့တွင် တရုတ် အကောက်ခွန် ဌာနချုပ်သည် ဂျပန်မှ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဘက်စုံ ယာယီ ရပ်တန့်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ယင်းကြေညာချက်တွင် ဂျပန် ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကြောင့် အစားအစာအပေါ် ဖြစ်စေမည့် ဓာတ်ရောင်ခြည် ညစ်ညမ်းမှု အန္တရာယ်ကို ဘက်စုံ ကာကွယ်ရန်၊ တရုတ် စားသုံးသူများ၏ ကျန်းမာရေးကို ကာကယ်ရန်နှင့် အစားအစာ သွင်းကုန်များ၏ ဘေးကင်းလုံခြုံမှု အာမခံပေးနိုင်ရန် အတွက် ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှစ၍ ဂျပန်က မူလ ထုတ်လုပ်ဒေသ ဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဘက်စုံ ယာယီ ရပ်တန့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဂျပန်မှ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဘက်စုံ ယာယီ ရပ်တန့်မည်ဟု တရုတ် အကောက်ခွန် ဌာနချုပ် ကြေညာ